အင်္ဂလန် နှင့် ဘူလ်ဂေးရီးယား (စနေည ၁ဝး၃၀ နာရီ)
အင်္ဂလန်က ပြီးခဲ့တဲ့ ခြေစစ်ပွဲစဉ် (၂)ပွဲစလုံး အနိုင်ကစားထားတယ်။ နှစ်ပွဲစလုံး ခြေအသာ၊ ဂိုးအကွာနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး တစ်ပွဲ (၅)ဂိုးသွင်းခဲ့တယ်။ သွင်းဂိုး (၁၀)ဂိုး၊ ပေးဂိုး (၁)ဂိုးသာ ရှိပြီး လက်ရှိအချိန်မှာ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း၊ ကစားသမား စုဖွဲ့မှုပိုင်း အစစအရာရာ အားရစရာကောင်းနေတာတွေ့ရတယ်။ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ နာမည်ကြီးကစားသမားတွေ ပါဝင်နေပြီး၊ ဒဏ်ရာရကစားသမားတချို့ကို ထားခဲ့တာတောင် တောင့်တင်းနေဆဲဖြစ်တာတွေ့ရတယ်။ ဘူလ်ဂေးရီးယားက ဒီအုပ်စုမှာ (၄)ပွဲကစားပြီးတာတောင် (၂)မှတ်ပဲ ရထားတဲ့အသင်းပါ။ အုပ်စုအောက်ဆုံးကို ရောက်နေပြီး အစစအရာရာ အင်္ဂလန် နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကြယ်ပွင့်ကစားသမားတွေ မရှိသလောက် ရှားပါးနေပြီး စိတ်ပျက်စရာရလဒ်၊ စုဖွဲ့မှု၊ ပြဿနာတွေနဲ့ အသင်းတစ်သင်းဖြစ်နေတယ်။ ဘောလုံးအဆင့်အတန်း သိသိသာသာကျဆင်းသွားပြီး ထိပ်တန်းအသင်းကြီးတွေမှာ ထွက်ကစားနိုင်သူလည်း မရှိတော့ဘူး။ အင်္ဂလန်အတွက် အရမ်းလွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဂိုးအရေအတွက် ဘယ်လောက်သွင်းမလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ်။ (၃-၀၊ ၄-၀) ဆိုတဲ့ ရလဒ်တွေဖြစ်လိမ့်မယ်။
ဆားဘီးယား နှင့် ပေါ်တူဂီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
ဆားဘီးယားက အခုခြေစစ်ပွဲမှာ ပေါ်တူဂီနဲ့ တစ်ပွဲကစားခဲ့ပြီးပါပြီ။ ပေါ်တူဂီမြေမှာ သရေခံကစားနိုင်ခဲ့တယ်။ ပေါ်တူဂီက (၂)ပွဲကစား (၂)ပွဲသရေနဲ့ အဆင့် (၄)နေရာရောက်နေပြီး ထပ်မှားလို့ မဖြစ်တော့ဘူး။ ဒီပွဲမှာ စီရော်နယ်လ်ဒို၊ ယာအိုဖီးလစ်၊ ဂျို တာ၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ လူစုံရွေးထားတာတွေ့ရတယ်။ အထူးသဖြင့် စီရော်နယ်လ်ဒို ကစားမှာက ကြီးမားတဲ့အားသာချက်ပါ။ ပေါ်တူဂီ နိုင်မယ်။
တူရကီ နှင့် အန်ဒိုရာ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
တူရကီက အိမ်ကွင်းမှာ ပြင်သစ်ကို အနိုင်ကစားထားတဲ့ အသင်းပါ။ အန်ဒိုရာလိုအသင်းမျိုးကိုလည်း လွယ်လွယ်ကူကူ ကစားပြီး (၃)ဂိုးလောက် သွင်းလိမ့်မယ်။
ပြင်သစ် နှင့် အယ်လ်ဘေးနီးယား (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
ပြင်သစ်က ကမ္ဘာ့ဆင့်အသင်းကြီးဖြစ်ပြီး အယ်လ်ဘေးနီးယားက ဥရောပမှာ အောက်နားခပ်ကျကျအသင်းပါ။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ပြင်သစ်ကို အတိုင်းအတာတစ်ခုအထိ အခက်တွေ့စေခဲ့တယ်ဆိုပေမယ့် အခုအချိန်မှာတော့ ဒီလိုမျိုး ထပ်မျှော်လင့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြင်သစ်က တူရကီမြေမှာ တစ်ပွဲရှုံးခဲ့ပေမယ့် အုပ်စုကိုဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ဒီပွဲ လည်း အိမ်ကွင်းမှာ (၂-၀၊ ၃-၀)လောက်ကစားလိမ့်မယ်။
အခြားပွဲစဉ်များ
ကိုဆိုဗို နှင့် ချက် (စနေည ရး၃၀ နာရီ)
လစ်သူယေးနီးယား နှင့် ယူကရိန်း (စနေည ၁ဝး၃၀ နာရီ)
အိုက်စလန် နှင့် မော်လ်ဒိုဗာ (စနေည ၁ဝး၃၀ နာရီ)