မက်ဆီ၏စာချုပ်တွင် ရာသီကုန်တိုင်း ဘာစီလိုနာအသင်းမှထွက်ခွာနိုင်သည့်အချက် ပါဝင်

မက်ဆီ၏စာချုပ်တွင် ရာသီကုန်တိုင်း ဘာစီလိုနာအသင်းမှထွက်ခွာနိုင်သည့်အချက် ပါဝင်
Photo: Getty Images
Photo: Getty Images
Published 6 September 2019

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် အသင်းနှင့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အသက်(၃၂)နှစ်ပြည့်ပြီးနောက် ရာသီကုန်ချိန်တိုင်း အသင်းမှထွက်ခွာနိုင်သည့်သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း စပိန်သတင်းစာ El Pais  က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်(၂၄)ရက်က အသက်(၃၂)နှစ် ပြည့်ခဲ့သည့် မက်ဆီသည် ၂ဝဝ၅ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က (၈)ကြိမ်မြောက်အဖြစ် နောက်ဆုံးချုပ်ဆိုခဲ့ရာ၌ ယင်းအချက်ကို ထည့်သွင်းထားကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ယခင်ကလည်း အသင်းကစားသမားဟောင်းများဖြစ်သည် ပူယိုးလ်၊ အင်နီယေစတာနှင့် ဇာဗီတို့ကို အသက် (၃၂) နှစ်ပြည့်ပြီးနောက် ရာသီကုန်တိုင်း အသင်းမှထွက်ခွာနိုင်သည့် သဘောတူညီချက်ကို ၎င်းတို့၏စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုခဲ့ဖူးကြောင်း El Pais  က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၁ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အလိုရှိနေကြောင်း သိရသည်။ သို့သော် မက်ဆီက ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် မိမိအနေဖြင့် လူငယ်ကစားသမားဘဝက ကစားခဲ့သည့် အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းသို့ ပြောင်းရွှေ့ကစားနိုင်သည်ဟု ဝန်ခံထားသည်။

မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၆၈၇)ပွဲတွင် (၆၀၃)ဂိုး သွင်းယူပေးထားပြီး ယခုရာသီတွင်မူ လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ လာလီဂါအဖွင့်ပွဲစဉ် (၃) ပွဲစလုံးကို လွဲချော်ထားသည်။ 

Most Read

Most Recent