ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းဖော်များအပေါ် လေးစားမှုထားသည့်အနေဖြင့် အကောင်းဆုံး ကစားသမားဆုတံဆိပ်ကို အကျႌရင်ဘတ်တွင် တပ်ဆင်ကစားရန် ငြင်းဆန်ခဲ့ကြောင်း သိရ သည်။
စီးရီးအေပြိုင်ပွဲကျင်းပနေသည့် Lega Serie A သည် ၂၀၁၈-၂၀၁၉ ရာသီအတွက် တစ်ဦးချင်းအကောင်းဆုံးဆုရရှိခဲ့သည့် ကစားသမားများအား ဂုဏ်ပြုသည့်အနေဖြင့် စီးရီးအေလိုဂိုကို ရွှေရောင်အမှတ်အသားဖြင့် အကျႌရင်ဘတ်တွင် တပ်ဆင်ကစားခွင့်ပြုထားကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် စီးရီးအေပြိုင်ပွဲ၌ စတင်ကစားသည့်ရာသီမှာပင် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းယူကာ အသင်းဖော်များအတွက် ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးခဲ့သလို စီးရီးအေချန်ပီယံဆုနှင့် အီတလီစူပါဖလားလည်း ဆွတ်ခူးရယူ နိုင်ခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့်ရာသီ စီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ၎င်းက ဆွတ်ခူးရရှိခဲ့ပြီး ဂိုးသမားဆုကို ဟန်ဒါနိုဗစ် (အင်တာမီလန်)၊ နောက်ခံလူဆုကို ကူလီဘလီ (နာပိုလီ)၊ ကွင်းလယ်ကစားသမားဆုကို မီလင်ကိုဗစ်ဆာဗစ် (လာဇီယို)၊ တိုက်စစ်ကစားသမားဆုကို ကွာဂလီရယ်လာ(ဆမ်ဒိုးရီးယား) နှင့် လူငယ်ကစားသမားဆုကို ဇာနီယိုလို (ရိုးမား) တို့ ရရှိခဲ့သည်။
ယင်းဂုဏ်ပြုဆုတံဆိပ်ကို အခြားကစားသမားငါးဦးက တပ်ဆင်ကစားလျက်ရှိသော်လည်း စီရော်နယ်လ်ဒိုကမူ အသင်းဖော်များ ထက် ထင်ပေါ်လိုခြင်းမရှိသဖြင့် ငြင်းဆန်ခြင်း ဖြစ်ကြောင်း သိရသည်။