UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 12 October 2018

ခရိုအေးရှား နှင့် အင်္ဂလန် (စနေနံနက် ၁း၁၅ နာရီ)

ဆယ်စုနှစ်ကျော်ကာလအတွင်းမှာ ခရိုအေးရှားအသင်းက အင်္ဂလန်အတွက် မေ့ဖျောက်လို့မရတဲ့ အမှတ်တရတွေပေးလေ့ရှိတဲ့အသင်းဖြစ်လာတယ်။ ယူရို-၂ဝဝ၈ ခြေစစ်ပွဲမှာ အင်္ဂလန်ကို ဆယ်စုနှစ်(၂)ခုကျော်ကာလအတွင်း ယူရိုပြိုင်ပွဲနဲ့ ပထမဆုံး လွဲချော်စေခဲ့ပြီး ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်ရဲ့နှစ်(၅၀)ကျော်ကြာ

ချန်ပီယံမျှော်လင့်ချက်ကို အဆုံးသတ်စေကာ ခရိုအေးရှားက အိပ်မက်ဆိုးတွေ ထပ်ပေးခဲ့ပါတယ်။ အခုပွဲက အင်္ဂလန်အတွက် ကမ္ဘာ့ဖလားရှုံးေြွကး ပြန်ဆပ်ရမယ့်ပွဲပါ။ အင်္ဂ လန်နည်းပြ ဆောက်ဂိတ်က ကမ္ဘာ့ဖလားမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ Three Backs အထိုင်ကို ဆက်သုံးနေပေမယ့်လက်ရှိရွေးချယ်ထားတဲ့လူစာရင်းအရ အပြောင်းအလဲအနည်းငယ်ဖြစ်လာနိုင်ခြေရှိတယ်။ ၃-၅-၂၊ ၃-၁-၄-၂ ကစားကွက် အစား စတာလင်၊ မတ်ဒီဆန်၊ ဆန်ချိုတို့ရှိနေလို့ ၃-၄-၃ ပုံစံလိုမျိုး ထုတ်သုံးလာဖွယ်ရှိတယ်။ ခရိုအေးရှားက ကမ္ဘာ့ဖလားမှာ အ မာခံအသုံးပြုခဲ့တဲ့ Line-up ဝင် ကစားသမားအများစုကို အသုံးပြုဖွယ်ရှိပြီး FullBacks နေရာတွေမှာတော့ အပြောင်းအလဲရှိ    ပါတယ်။ လက်ရှိ အင်္ဂလန်ကစားပုံနဲ့ ခရိုအေးရှားမြေမှာ အမြင့်ဆုံးသရေထက် မပိုနိုင်ဘူး။ 

ဘယ်လ်ဂျီယံ နှင့် ဆွစ်ဇာလန် (စနေနံနက် ၁း၁၅ နာရီ)

ဘယ်လ်ဂျီယံအသင်းက ကမ္ဘာ့ဖလားကစားခဲ့တဲ့ တည်ငြိမ် မှုမျိုးကို ဆက်ထိန်းထားနိုင်ဆဲပါပဲ။ တိုက်စစ်မှူးလူကာကူက လည်း ကလပ်အသင်းပွဲထက် နိုင်ငံအသင်းပွဲတွေမှာ ပိုဂိုးမြူး တတ်တာ သတိပြုစရာပါ။ဘယ်လ်ဂျီယံရဲ့လက်ရှိရွှေရောင်မျိုး ဆက်ခေတ်မှာ (၁)ကြိမ်သာတွေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်က ဆွစ်ဇာလန် မြေပေါ်မှာပဲ

အနိုင်ယူထားခဲ့ပါတယ်။ ဆွစ်ဇာလန်တိုက်စစ်က လည်း ခံစစ်ကြောင်းမာကျောတဲ့အသင်းတွေနဲ့တွေ့ရင် ဂိုးရဖို့ရုန်းကန်ရတတ်တဲ့ အစဉ်အလာရှိပါတယ်။ ဘယ်လ်ဂျီယံမြေမှာတော့ အိမ်ရှင်ကိုပဲ ကြိုက်တယ်။

 

ဩစတြီးယား နှင့် မ/အိုင်ယာလန် (စနေနံနက် ၁း၁၅ နာရီ)

League B ရဲ့ Group 3 မှာ ဘော့စနီးယားက ဦးဆောင် နေပြီး အခု ဩစတြီးယား-မြောက်အိုင်ယာလန်ပွဲက League C ကို တန်းမဆင်းရဖို့အတွက် အရေးပါနေတယ်။ ဩစတြီးယားရော မြောက်အိုင်ယာလန်ပါ ဘော့စနီးယားကို မရှုံးသင့်ဘဲရှုံးခဲ့ ရတာဖြစ်ပြီး အခုပွဲမှာတော့ အမှားထပ်လုပ်လို့ မရတော့ပါဘူး။  ကစားသမားပိုင်း ပိုတောင့်တင်းတဲ့အပြင် အိမ်ကွင်းလည်းကစား ရမယ့် ဩစတြီးယား အနိုင်သေချာပါတယ်။

 

ဂရိ နှင့် ဟန်ဂေရီ (စနေနံနက် ၁း၁၅ နာရီ)

ဂရိအသင်းအဖို့ League B ကို တန်းတက်ခွင့်ရဖို့ အခုပွဲက လုံးဝအမှတ်လျော့ခံလို့မဖြစ်တဲ့အခြေအနေပါ။ ဂရိ အနိုင်ကစားလိမ့်မယ်။ 

 

အက်စ်တိုးနီးယား နှင့် ဖင်လန် (စနေနံနက် ၁း၁၅ နာရီ)

ဖင်လန်က (၂)ပွဲစလုံး အနိုင်ကစားပြီး ဟန်ဂေရီ၊ ဂရိအသင်းတို့ရဲ့ အထက်ကနေ အုပ်စုကိုဦးဆောင်နေတယ်။ ဒါပေမဲ့ ဖင်လန် အဝေးကွင်းညံ့လို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

Most Read

Most Recent