ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ဖာနန်ဒိုတောရက်စ် ကြေညာ

ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ဖာနန်ဒိုတောရက်စ် ကြေညာ
Photos: Getty Images, AS & Reuters
Photos: Getty Images, AS & Reuters
Published 21 June 2019

အသက် (၃၅) နှစ်အရွယ်ရှိ ဖာနန်ဒိုတောရက်စ်သည် လက်ရှိတွင် ဂျပန်ကလပ် ဆဂန်တိုဆူအသင်း၌ ကစားနေသူဖြစ်ပြီး ကစားသမားဘဝမှ အနားယူကြောင်း ၎င်း၏ Twitter တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့တွင် ကစားခဲ့သည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ယနေ့(ဇွန်လ ၁၉ ရက်)တွင် ကြေညာခဲ့သည်။

အသက် (၃၅) နှစ်အရွယ်ရှိ ဖာနန်ဒိုတောရက်စ်သည် လက်ရှိတွင် ဂျပန်ကလပ် ဆဂန်တိုဆူအသင်း၌ ကစားနေသူဖြစ်ပြီး ကစားသမားဘဝမှ အနားယူကြောင်း ၎င်း၏ Twitter တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒိုတောရက်စ်က "ကျွန်တော့်အနေနဲ့ အလွန်အရေးကြီးတဲ့ အရာတစ်ခုကို ကြေညာချင်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ (၁၈) နှစ်တာကာလကိုဖြတ်သန်းပြီးနောက်မှာတော့ အခုအချိန်က ကျွန်တော့်အနေနဲ့ ကစားသမားဘဝက အနားယူရမယ့် အချိန်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝက အနားယူတာနဲ့ ပတ်သက်ပြီး တိုကျိုမြို့မှာ ဇွန်လ (၂၃) ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသေးစိတ်ရှင်းပြသွားမှာပါ။ ကျွန်တော်တို့ အဲဒီမှာ တွေ့ကြတာပေါ့"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

တောရက်စ်သည် အက်သလက်တီကိုအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၁ ခုနှစ်တွင် အက်သလက်တီကိုအသင်းနှင့် စတင်ခဲ့သည်။

ထို့နောက် တောရက်စ်သည် အက်သလက်တီကိုအသင်းတွင် (၇) ရာသီကစားပြီးနောက် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လီဗာပူးလ်အသင်းတွင် (၄) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၂) ပွဲတွင် (၈၁) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း အောင်မြင်မှုမရသဖြင့် တောရက်စ်သည် ၂၀၁၁ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း (၅၀) ဖြင့် ပြောင်းရွှေ့ခဲ့သည်။ တောရက်စ်သည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသော်လည်း ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် FA ဖလားများကို ရယူနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

တောရက်စ်သည် အက်သလက်တီကိုအသင်းသို့ ဒုတိယအကြိမ် ပြန်လာရာတွင် (၃) ရာသီခွဲကျော် ကစားခဲ့ကာ အသင်းနှင့်အတူ ၂၀၁၇-၁၈ ရာသီတွင် ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်ကလပ် ဆဂန်တိုဆူအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် တောရက်စ်သည် ဆဂန်တိုဆူအသင်းတွင် ရုန်းကန်ခဲ့ရကာ ပြီးခဲ့သည့် ၂၀၁၈ ရာသီက ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၄) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ယခုရာသီ (၉) ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိပေ။

တောရက်စ်သည် စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၀၃ ခုနှစ်တွင် စတင်ပွဲထွက်ခဲ့ပြီး ပွဲပေါင်း (၁၁၀) ကစား၊ (၃၈) ဂိုးသွင်းယူနိုင်ခဲ့ကာ အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊  ယူရို-၂၀၀၈ နှင့် ယူရို-၂၀၁၂ ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ 

Most Read

Most Recent