Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် အပါအဝင် မီဒီယာသမားများကို သတင်းမီဒီယာဥပဒေ အသုံးမပြုဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့် တိုုက်ရိုက်စွဲဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ထုတ်ပြန်

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် အပါအဝင် မီဒီယာသမားများကို သတင်းမီဒီယာဥပဒေ အသုံးမပြုဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့် တိုုက်ရိုက်စွဲဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ထုတ်ပြန်
Published 11 October 2018



Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် အပါအဝင် မီဒီယာသမားများကို သတင်းမီဒီယာဥပဒေကို အသုံးမပြုပဲ ပုဒ်မ ၅၀၅(ခ) ဖြင့် တိုုက်ရိုက်စွဲဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC)က အောက်တိုဘာ ၁၁ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် တရားရုံးသို့ ရောက်ရှိနေပြီဖြစ်သော ကိစ္စရပ်များကို ဝင်ရောက် ကိုင်တွယ် ဖြေရှင်းခွင့် မရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ယင်းဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်သင့်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့သာ တိုင်ကြားစေလိုကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်လည်း သတင်းမီဒီယာ ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိနှိုင်း ဆောင်ရွက်ပေးလိုကြောင်း ဖော်ပြပါရှိသည်။ 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄ (က)၊ (ခ)၊ (ဂ) သတင်းမီဒီယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့် ရှိကြောင်း၊  နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်း အချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ် စည်းကမ်းနှင့်အညီ စုံစမ်း၊ ဖော်ထုတ်ရေးသားခွင့်နှင့် သတင်း ထုတ်လွှင့်ခွင့်တို့ရှိကြောင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ 

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယင်းဖြစ်စဉ် အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 



မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ပြည်ထောင်စု လွှတ််တော်က ပြဋ္ဌာန်းအတည်ပြု ခဲ့သော သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၂ အရ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့်  သတင်းသမားများအား သတင်း မီဒီယာဥပဒေ နှင့် မဟုတ်ဘဲ အခြားသော ဥပဒေများဖြင့် တရားစွဲဆိုနေမှုများအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ယခုကဲ့သို့ Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားစွဲဆိုခဲ့မှုအပေါ်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်တွင် ပါရှိသည်။ 

.

Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့အား အောက်တိုဘာလ (၈)ရက်နေ့ထုတ် Weekly Eleven New ဂျာနယ်စာမျက်နှာ (၂၆) တွင်ဖော်ပြထားသော ဆောင်းပါးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာ ၁၀ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ၄င်းတို့သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်းထားကြောင်းသိရသည်။ 

Most Read

Most Recent