ကွန်ပနီ ဘောလုံးရချိန်တွင် ဂိုးထဲသို့မကန်ရန် အော်ပြောခဲ့သည်ဟု ဂွါဒီယိုလာ ဝန်ခံ

ကွန်ပနီ ဘောလုံးရချိန်တွင် ဂိုးထဲသို့မကန်ရန် အော်ပြောခဲ့သည်ဟု ဂွါဒီယိုလာ ဝန်ခံ
Photos : AFP
Photos : AFP
Published 7 May 2019

၀ါရင့်နောက်ခံလူ ကွန်ပနီ၏တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည့် မန်စီးတီး(၁-၀)လက်စတာပွဲအပြီးတွင် အသင်းနည်းပြ ဂွါဒီယိုလာက ကွန်ပနီ ဘောလုံးရချိန်တွင် ဂိုးထဲသို့မကန်သွင်းရန် အော်ပြောခဲ့သည်ဟု ပွဲအပြီးတွင် ဝန်ခံခဲ့သည်။

ယင်းဂိုးမှာ ကွန်ပနီအတွက် မန်စီးတီးကစားသမားဘဝ (၁၁)နှစ်တာအတွင်း ဂိုးဧရိယာအပြင်ဘက်မှ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနိုင်ပွဲကြောင့် မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခြေအနေပိုကောင်းသွားခဲ့ပြီး လာမည့်တနင်္ဂနွေနေ့တွင်ကစားမည့် ဘရိုက်တန်နှင့်ပွဲတွင် အနိုင်ရရှိရုံဖြင့် (၂)နှစ်ဆက်ချန်ပီယံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

'' ဗင်နီ(ကွန်ပနီ) မကန်နဲ့၊ မကန်နဲ့ ဘောလုံးပေး ဘောလုံးပေးလို့ ကျွန်တော် အော်ပြောခဲ့ပါတယ်။ အရိုးသားဆုံးဝန်ခံရရင် ဂိုးဝင်လိမ့်မယ်လို့ မယုံကြည်ခဲ့ပါဘူး။ ဘောလုံးဟာ ဒီအရာတွေကြောင့်ပဲ အရူးအမူးဖြစ်နေရတာပါ။ ဖန်တီးသူတွေက ကစားသမားတွေပါ။ သူတို့ဟာ တစ်စက္ကန့်အတွင်းမှာ ဆုံးဖြတ်ချက်ချရပါတယ်။ သူ(ကွန်ပနီ) ကတော့ ယုံကြည်မှုအပြည့်နဲ့ ကန်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ သူက ယုံကြည်မှုပြင်းထန်သူတစ်ယောက်ပါ။ ကျွန်တော်တို့ကို ဒီပွဲအနိုင်ရဖို့လည်း မှတ်ချက်ပေးခဲ့ပါတယ်ဒဒဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

(၃၃)နှစ်အရွယ်ရှိ ကွန်ပနီသည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent