မန်ယူကွင်းလယ်လူ ဟာရဲရား PSGသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီဟု မီဒီယာများဖော်ပြ

မန်ယူကွင်းလယ်လူ ဟာရဲရား PSGသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီဟု မီဒီယာများဖော်ပြ
Photos : Getty Images
Photos : Getty Images
Published 27 April 2019

မန်ယူကွင်းလယ်လူ ဟာရဲရားသည် လာမည့်နွေရာသီတွင် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဟာရဲရားသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ဆွေးနွေးမှုလည်း အဆင်မပြေဖြစ်ခဲ့ရသည်။

PSG အသင်းနှင့် ဟာရဲရားတို့သည် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီး စာချုပ်သက်တမ်းကာလကို ဆုံးဖြတ်ရန်သာ ကျန်ရှိတော့သည်။

PSGအသင်းသည် (၂၉)နှစ်အရွယ်ရှိ အဆိုပါကွင်းလယ်ကစားသမားကို (၄)နှစ် သို့မဟုတ် (၅)နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေလျက်ရှိသည်။

ဟာရဲရားမှာ မန်ယူအသင်းသို့ ၂၀၁၄ ခုနှစ်ကရောက်ရှိလာပြီး ယခုရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ(၂၀)တိတိ ကစားပေးထားသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ ဟာရဲရားမှာ စာချုပ်အခြေအနေ၊ ဒဏ်ရာပြဿနာအချို့ရှိနေသော်လည်း ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်နိုင်ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ဖွင့်ဟခဲ့သည်။

'' ရာသီပြီးဆုံးဖို့ (၃)ပွဲလိုပါသေးတယ်။ အန်ဒါ(ဟာရဲရား)က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။ သူဟာ စိတ်အားထက်သန်တဲ့ကစားသမားဖြစ်ပြီး ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ သူပါဝင်ကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုရှိနေပြီလို့ ကျွန်တော် ယူဆပါတယ်။ အာမခံချက်တော့ မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ (၂)ရက်ကျန်သေးလို့ပါ။ ဒါပေမဲ့ သူဟာ အသင်းနဲ့နောက်ဆုံး(၂)ရက်စလုံး လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

Most Read

Most Recent