အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် နာဇီအလေးပြုပုံစံပြုလုပ်ခဲ့သော ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဟန်နက်ဆီအား သူ၏ အကြောင်းပြချက်အရ အရေးမယူရန် ဆုံးဖြတ်ခဲ့သော်လည်း ဗဟုသုတနည်းပါးခြင်းအတွက် ရှုတ်ချခဲ့ကြောင်း သိရှိရသည်။
စားသောက်ဆိုင်တစ်ခုတွင် နာဇီအလေးပြုပုံစံပြုလုပ်နေသည့် ဟန်နက်ဆီ၏ ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီးနောက် FAက ၎င်းကို အရေးယူရန် စီစဉ်ခဲ့သည်။ သို့သော် ဝေးလ်စ်လက်ရွေးစင်ဂိုးသမားတစ်ဦးဖြစ်သည့် ဟန်နက်ဆီက မိမိ၏အပြုအမူမှာ စားပွဲထိုးသတိထားမိစေရန်ဖြစ်ကြောင်းနှင့် နာဇီအလေးပြုပုံစံကိုလည်း မိမိမသိရှိကြောင်း အကြောင်းပြဖြေရှင်းခဲ့သည်။
သို့ဖြစ်ရာ FA က သမိုင်းဝင်အပြုအမူတစ်ခုအား မသိရှိသည့် ဟန်နက်ဆီ၏ ဗဟုသုတခေါင်းပါးမှုမှာ အလွန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု ၎င်းတို့ထုတ်ပြန်သော ကြေညာချက်၌ဖော်ပြကာ ဝေဖန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။