လက်ရှိဝတ်စုံစပွန်ဆာပေးထားသည့် Kappa နှင့် လမ်းခွဲ၍ Adidas နှင့် စာချုပ်ချုပ်ဆိုရန် နာပိုလီအသင်း နီးစပ်

လက်ရှိဝတ်စုံစပွန်ဆာပေးထားသည့် Kappa နှင့် လမ်းခွဲ၍ Adidas နှင့် စာချုပ်ချုပ်ဆိုရန် နာပိုလီအသင်း နီးစပ်
Photos: Getty Images
Photos: Getty Images
Published 17 April 2019

 

နာပိုလီအသင်းသည် လက်ရှိဝတ်စုံစပွန်ဆာပေးထားသည့် Kappa နှင့်  လမ်းခွဲ၍ ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas နှင့် ဝတ်စုံ စပွန်ဆာစာချုပ်ချုပ်ဆိုသွားရန် နီးစပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် နာပိုလီအသင်းမှ ကစားသမား(၄)ဦးဖြစ်သည့် ဂိုးသမား အော့စ်ပင်နာ၊ တိုက်စစ်ကစားသမား ဆီမြွန်နီဗာဒီ၊ ကွင်းလယ်လူ ယိုးနက်စ်နှင့် နောက်ခံလူဟေဆိုင်တို့သည် Adidas နှင့် စပွန်ဆာ စာချုပ်ချုပ်ဆိုထားပြီဖြစ်သည်။

ထို့ပြင် နာပိုလီအသင်း၏ အဓိကကြယ်ပွင့်ကစားသမား အင်ဆစ်ဂ်နီအပါအဝင်နောက်ထပ်ကစားသမားများစွာသည် Adidas နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီး နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က အသင်းအတွက်အဖိုးတန်သည့် သဘောတူညီမှုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent