ဖိအားများနေသည့် ဂျာမနီနည်းပြယော်ကင်လိုးကို ကလင်းစမန်း သတိပေး

ဖိအားများနေသည့် ဂျာမနီနည်းပြယော်ကင်လိုးကို ကလင်းစမန်း သတိပေး
Published 10 October 2018

 

အမေရိကန်အသင်းနည်းပြဟောင်း ကလင်းစမန်းက ဂျာမနီနည်းပြ ယော်ကင်လိုးအနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်ရန် စွမ်းဆောင်ပေးရန်လိုကြောင်းနှင့် ယင်းသို့မလုပ်နိုင်ခဲ့ပါက ရာထူးမှထုတ်ပယ်ခဲ့ရမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ကလင်းစမန်း (၅၄ နှစ်)သည် ဂျာမနီအသင်းကို ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကိုင်တွယ်ဖူးပြီး ၂၀၀၆ ကမ္ဘာ့ဖလားတွင် တတိယရအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ လက်ရှိ ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးမှာ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည့်အတွက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသည်။  

ကလင်းစမန်းက " ယော်ကင်လိုးအနေနဲ့ ဂျာမနီအသင်းမှာဆက်ရှိချင်တယ်ဆိုရင်တော့ လာမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဂျာမနီအသင်းကို အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ကျွန်တော် ကတော့ ဂျာမနီအသင်းမှာ အောင်ပွဲတွေအတွက် ဆာလောင်တဲ့စိတ်တွေ ရှိနေဆဲပဲလို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယော်ကင်လိုးသည် ဂျာမနီအသင်းကို ၂၀၀၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားကို ရယူပေးခဲ့သူဖြစ်သည်။

Most Read

Most Recent