Ballon d'Or ဆုကို ပြင်သစ်ကစားသမားများသာ ရသင့်သည်ဟု ဂရီးဇ်မန်းပြောကြား

Ballon d'Or ဆုကို ပြင်သစ်ကစားသမားများသာ ရသင့်သည်ဟု ဂရီးဇ်မန်းပြောကြား
Published 9 October 2018

 

အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက Ballon d'Or ဆုကို ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှ ကစားသမားများသာ ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၈)ရက်နေ့က Ballon d'Or ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှ ကစားသမား (၆) ဦးအထိပါဝင်ခဲ့သည်။

ပြင်သစ်မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဂရီးဇ်မန်းက ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကပဲ ဖြစ်သင့်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ အဲဒီလိုပဲယုံကြည်ပါတယ်။ ကမ္ဘာ့ချန်ပီယံအသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့ပါဝင်ခဲ့ကြတာပါ။ Ballon d'Or ဆုနဲ့ပတ်သက်ပြီး လူတိုင်းမှာ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီဆုကို ပြင်သစ်ကစားသမားတွေပဲ ရသင့်တယ်လို့ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။

ဂရီးဇ်မန်းသည် ၂၀၁၈ ခုနှစ်အတွင်း ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလား၊ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ ယူရိုပါလိဂ်နှင့် ဥရောပစူပါဖလားများကို ရယူနိုင်ခဲ့သည်။ သို့သော် ၄င်းသည် ကျင်းပပြီးစီးခဲ့သည့် UEFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် FIFA The Best ဆုများတွင် ဆန်ခါတင် (၃) ဦးစာရင်း၌ပင်ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ဒေါသထွက်နေကြောင်းသိရသည်။

ယခုနှစ် Ballon d'Or ဆုကို ရရှိရန် UEFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် FIFA The Best ဆုများကို ရရှိခဲ့သည့် ခရိုအေးရှားနှင့် ရီးယဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ မိုဒရစ်က ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရှိရသည်။

Most Read

Most Recent