ဟာတို တိုက်ဖွန်းကြောင့် သေဆုံးသူ ၁၆ ဦးထိ မြင့်တက်ခဲ့

ဟာတို တိုက်ဖွန်းကြောင့် သေဆုံးသူ ၁၆ ဦးထိ မြင့်တက်ခဲ့
Published 25 August 2017

သြဂုတ် ၂၄ ရက်က မကာအိုတွင် လေပြင်းတိုက်ပြီး ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျနေစဉ် (Photo: AFP)

အပူပိုင်းမုန်တိုင်း ဟာတိုသည် တရုတ်တောင်ပိုင်းနှင့် မကာအို၊ ဟောင်ကောင်တို့ကို ဝင်ရောက် မွှေနှောက်သွားခဲ့ပြီးနောက် သြဂုတ် ၂၄ ရက်ထိ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။ မကာအိုတွင် ရှစ်ဦး သေဆုံးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကာ မကာအို၏ ဧရာမကာစီနိုကြီးများသည် အရန်မီးစက်များဖြင့် လည်ပတ်ခဲ့ရသည်။

နံရံတစ်ခု ပြိုကျခဲ့ပြီးနောက် ရရှိခဲ့သည့် ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် တိုက်တန်းတစ်ခု၏ လေးထပ်မှ ပြုတ်ကျခဲ့သော အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ထရပ်ကား တိုက်မိ၍ တစ်ဦးသေဆုံးပြီး သြဂုတ် ၂၄ ရက် အစောပိုင်းက ရေလွှမ်းခဲ့သော ကားရပ်နားရန် နေရာ၌ အလောင်းနှစ်လောင်းကို တွေ့ခဲ့ရကြောင်း မကာအို အစိုးရက ပြောကြားခဲ့သည်။ ကျန်သေဆုံးသူနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။

ဟာတို တိုက်ဖွန်းကြောင့် မကာအိုနှင့် ဟောင်ကောင်ကြား ကူးတို့ပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့ရပြီး သြဂုတ် ၂၄ ရက်တွင် ပြန်လည် စတင်ခဲ့သည်။ ဟောင်ကောင်တွင် ဟာတိုက ဟောင်ကောင်၏ သုံးပုံတစ်ပုံကို ရိုက်ခတ်ခဲ့ပြီး ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဟောင်ကောင်အတွက် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ခဲ့သည်။

ဟာတိုကြောင့် ဟောင်ကောင်သည် ဒေါ်လာ ၁ ဒသမ ၀၂ ဘီလျံ ဆုံးရှုံးနိုင်ကြောင်း Chinese University of Hong Kong မှ စီးပွားရေးပညာပါမောက္ခ တဲရင့်ချောင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ဟောင်ကောင်၏ အိမ်နီးချင်း တရုတ်ပြည်နယ် ကွမ်တုံတွင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CCTV က ပြောကြားခဲ့သည်။

Most Read

Most Recent