■ ယနေ့ကစားမည့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ကစားမည့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 2 November 2018

 

နာပိုလီ နှင့် အမ်ပိုလီ (စနေနံနက် ၂းဝ၀ နာရီ)

(၉)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီး အဆိုးသံပတ်မရပ်တန့်သေးတဲ့ အမ်ပိုလီအတွက် တစ်မှတ်တန်မျှော်လင့်ချက်ကသာ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးထားလို့ ဒီပွဲမှာ နိုင်ပွဲပြန်လည်ရရှိရေးအတွက် နာပိုလီ ပြင်းပြင်းထန်ထန် ရုန်းကန်ပါလိမ့်မယ်။ အိမ်ကွင်း (၅)ပွဲမှာ (၁)ပွဲ (၂)ဂိုးသွင်းထားတဲ့ နာပိုလီတိုက်စစ်ကို အမ်ပိုလီ ထိန်းချုပ်နိုင်မယ်မထင်ဘူး။ နာပိုလီ (၂)ဂိုးပြတ်နိုင်မယ်။

 



စတုဂတ် နှင့် ဖရန့်ဖတ် (စနေနံနက် ၂းဝ၀ နာရီ)

စတုဂတ်အသင်း (၃)ပွဲဆက်တိုက် အရေးနိမ့်ပြီး အဆိုးဆုံးအနေအထား ပြန်ရောက်သွားတယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့ စတုဂတ် အမှတ်ယူလိမ့်မယ်။

 



PSG နှင့် လိုင်လီ (စနေနံနက် ၂း၁၅ နာရီ)

PSG အသင်းအတွက် မထင်မှတ်ဘဲ ခက်ခဲနိုင်တဲ့ပွဲပါ။ လိုင်လီဟာ ဒီရာသီမှာ PSG ပြီးရင် ဒုတိယမြောက်ခြေအမှန်ဆုံးအသင်းလို့ပြောနိုင်ပြီး နောက်ဆုံး(၄)ပွဲဆက်အနိုင်ကစားထားပါတယ်။ ဒီရာသီမှာ အသင်းအတွက် လိဂ်ဂိုး(၇)ဂိုးစီသွင်း ယူထားတဲ့ ဘမ်ဘာနဲ့ ပေပေတို့ရဲ့တောင်ပံတွေက ဒီပွဲမှာ PSG နောက်တန်းကို အလုပ်ရှုပ်စေပါလိမ့်မယ်။ ဒါပေမဲ့ လိုင်လီရဲ့ခံစစ်ပိုင်းကတော့ အဝေးကွင်းဆို သိပ်စိတ်မချရပါဘူး။ PSG ဟာ ဒီရာသီ အိမ်ကွင်း (၆)ပွဲမှာ တစ်ပွဲ(၄)ဂိုးနှုန်းသွင်းယူထားပြီး ခံစစ်ကလည်း ပေးဂိုး(၂)သာရှိခဲ့တာကြောင့် ပြည်တွင်းလိဂ်မှာတော့ အားလုံးထက် ခေါင်းတစ်လုံးသာနေပါတယ်။ ဘာပေ၊ နေမာ၊ ဒီမာရီယာတို့လိုကစားသမားတွေ ရှိနေလို့ ကာဗာနီမပါနိုင်တဲ့ မာဆေးလ်နဲ့ပွဲမှာတောင် ဂိုးပြတ်နိုင်ခဲ့တယ်။ ဒီပွဲမှာလည်း PSG နိုင်ပွဲဆက်ဖို့ သေချာတယ်။

Most Read

Most Recent