ကလေးစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်၍ မီဒီယာတစ်ခုအားဖြေကြားခဲ့သည့် အောင်ကိုထွေးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်အမိန့်ချ

ကလေးစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်၍ မီဒီယာတစ်ခုအားဖြေကြားခဲ့သည့် အောင်ကိုထွေးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်အမိန့်ချ
Published 18 January 2018

ကလေးစစ်သားစုဆောင်းခြင်းနှင့် ပတ်သက်၍ မီဒီယာတစ်ခုကို အင်တာဗျူးဖြေကြားခဲ့သည့် အောင်ကိုထွေးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားသူကြီး (အထူးအာဏာ) တရားခွင်မှ သိရသည်။

အဆိုပါရုံးချိန်းတွင် အောင်ကိုထွေး၏အစ်မဖြစ်သူ မနေဇာထွန်းအပါအဝင် တက်ကြွလှုပ်ရှားသူ အင်အား ၅၀ ခန့်က ဒဂုံဆိပ်ကမ်းတရားရုံးရှေ့တွင် အောင်ကိုထွေးအားရည်စူးပြီး ဆန္ဒပြခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးတဲ့အခါမှာ နောက်ဆုံးအပြီးသတ်အမိန့်ကို တရားရုံးကချပေးရမယ်” ဟု ရှေ့နေများကွန်ရက်အဖွဲ့မှ အထက်တန်းရှေ့နေ ကိုဇော်မင်းလှိုင်က ပြောကြားသည်။

 

Most Read

Most Recent