ယူရို ၁ ဒသမ ၅ သန်းတန်ဖိုးရှိ El Clasico ပွဲ လက်မှတ်အတုရောင်းချသူခုနစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ယူရို ၁ ဒသမ ၅ သန်းတန်ဖိုးရှိ El Clasico ပွဲ လက်မှတ်အတုရောင်းချသူခုနစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
Published 29 October 2018

စပိန်ရဲတပ်ဖွဲ့သည် ယူရို ၁ ဒသမ ၅ သန်းတန်ဖိုးရှိ El Clasico ပွဲ လက် မှတ်အတု ပြုလုပ်ရောင်းချသူခုနစ်ဦး ကို အောက်တိုဘာ ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

၎င်းတို့သည် အောက်တိုဘာ ၂၈ ရက်က နူးကမ့်ကွင်း၌ ဘာစီလို နာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် El Clasico ပွဲစဉ်အတွက် လက်မှတ်အတုများ ပြုလုပ်ရောင်းချခြင်းဖြစ်ပြီး ယင်း လက် မှတ်တွင် ဘာစီလိုနာအသင်း ပရိသတ်အဖွဲ့ဝင်များ၏ QR Code အမှတ်အသားနှင့် ဘားကုတ်များ ပါဝင်ကာ မြင့်မားသည့်နှုန်းထားဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

စပိန် ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၆ ရက်တွင် သံသယရှိသူများ၏ နေ အိမ်နှင့် ရုံးခန်း ၁၂ ခုကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ပြီး အများစုမှာ ဘာစီ လိုနာမြို့ရှိ နေရပ်လိပ်စာများဖြစ် ကြောင်း၊ ယခုဖြစ်စဉ်တွင် စီးပွားရေး သမား အနည်းဆုံးရှစ်ဦး ပါဝင်ပတ် သက်နေကြောင်း သိရသည်။

ရဲ တပ်ဖွဲ့၏ အစောပိုင်းထုတ်ပြန်ချက် တွင် လက်မှတ်အတုပြုလုပ်ရောင်းချ မှုကြောင့် ဖမ်းဆီးခံရသူ ၁၀ ဦးရှိ ကြောင်း ဖော်ပြထားသော်လည်း နာရီပိုင်းအကြာတွင် သုံးဦးလျှော့ချ ၍ ခုနစ်ဦးသာဖြစ်ကြောင်း ပြင်ဆင် ကြေညာခဲ့သည်။

လက်မှတ်အတု ရောင်းချသူများသည် ပြီးခဲ့သည့်မေ လကလည်း နူးကမ့်ကွင်း၌ ကျင်းပ သည့် El Clasico ပွဲတွင် လက်မှတ် စောင်ရေ ၂၈၂၂ စောင် ရောင်းချခဲ့ဖူး ကြောင်း သိရသည်။

ဘာစီလိုနာ အသင်းကလည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အောက်တိုဘာ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ ပြီး မာဖီးယားဂိုဏ်းကဲ့သို့ မတရား သည့်နည်းလမ်းဖြင့် စီးပွားရေးလုပ် ကိုင်မှုများရပ်တန့်ကြရန် တိုက်တွန်း ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှု များ ဆက်လက်ပြုလုပ်သွားမည်ဖြစ် ပြီး ဖမ်းဆီးခံထားရသူများအား အစု အဖွဲ့လိုက် ပြစ်မှုကျူးလွန်သည့် စွဲ ချက်ဖြင့် အရေးယူဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent