ချက်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် ချယ်လ်ဆီးအသင်းကို ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်လာသော်လည်း အေဘရာမိုဗစ်ချ်ရောင်းမည်မဟုတ်

ချက်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် ချယ်လ်ဆီးအသင်းကို ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်လာသော်လည်း အေဘရာမိုဗစ်ချ်ရောင်းမည်မဟုတ်
Published 28 October 2018

 

ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ချက်နို်င်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဘီလျံနာ ပီတာကယ်လ်နာက ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် PPF ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ထူ ထောင်ထားသူဖြစ်ပြီး ငွေကြေးကြွယ်ဝချမ်းသာမှုပေါင် (၁၂)ဘီလီယံခန့်ရှိကာ အေဘရာမိုဗစ်ချ်နှင့်ရင်းနှီးခင်မင်သောသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။  ၎င်း နှင့် အေဘရာမိုဗစ်ချ်တို့သည် ရုရှားနိုင်ငံ၏ တွင်းထွက် လုပ်ငန်းကြီးဖြစ်သော Evraz တွင် အဓိကရှယ်ယာရှင်များအဖြစ် ရပ်တည်နေကြသူများလည်းဖြစ်သည်။ 

အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်သူ ပီတာကယ်လ်နာသည် ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ အသင်း၏ပွဲစဉ်များကို အေဘရာမိုဗစ်ချ်နှင့်အတူ တစ်ခါတရံ လာရောက်ကြည့်ရှုလေ့ရှိသူ ဖြစ်ကြောင်းလည်း သိရှိရသည်။ စီးပွားရေးမဂ္ဂဇင်း Fobes ၏ဖော်ပြချက်အရ ပီတာကယ်လ်နာသည် ကမ္ဘာ့(၈၈)ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ချယ်လ်ဆီးအသင်းအားဝယ်ယူရန် သူ ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် သူ၏အသင်းကို ရောင်းချရန် ဆန္ဒမရှိဟု Sky Sports သတင်းစာက ဖော်ပြခဲ့သည်။

အေဘရာမိုဗစ်ချ် (၅၂ နှစ်) သည် ၂၀၀၃ ခုနှစ်က ချယ်လ်ဆီးအသင်းအား ပေါင်သန်း(၁၄၀)ရင်းနှီးမြှုပ်နှံကာ ဝယ်ယူခဲ့သူဖြစ်ပြီး အသင်းအား သူ ဆက်လက်ရင်းနှီးမြှုပ်နှံခဲ့သည့်ငွေကြေးမှာ ပေါင်(၁)ဘီလီယံအ ထက်ရှိနေသည်။ မကြာသေးမီက ရုရှား-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကြောင့် အေဘရာမို ဗစ်ချ်သည် ဗြိတိန်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိတော့ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို သူရောင်းချတော့မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

သို့သော် ချယ်လ်ဆီးအသင်းနှင့် နီးစပ်သူများ၏အဆိုအရ အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို စွန့်လွှတ်ရန် ဆန္ဒမရှိကြောင်း သိရှိရသည်။ သူ့အနေဖြင့် ယနေ့ အချိန်အထိ အသင်းရောင်းချရန်ကိစ္စအတွက် မည် သည့်ငွေကြေးရင်းနှီးမြှုပ်နှံသူများနှင့်မှ တွေ့ဆုံဆွေးမှေုမရှိသေးကြောင်း Sky Sports  က ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် ဗြိတိန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဂျင်မ်ရတ်ကလစ်ဖ်ကလည်း ပစ်မှတ်ထားနေပြီး အေဘရာမိုဗစ်ချ်ကမူ အသင်းအား ရောင်းချမည်မဟုတ်ဟု အသင်း တာဝန်ရှိသူ များထံမှတစ်ဆင့်  ငြင်းဆန်ပယ်ချခဲ့သည်။ ဗြိတိန်သတင်းမီဒီယာအချို့ကမူ အေဘရာမိုဗစ်ချ်အနေဖြင့် ပေါင်(၃)ဘီလီယံ (ပေါင်သန်း ၃၀၀၀) အထက်ရရှိပါက သူ၏ချယ်လ်ဆီးအသင်းကို ရောင်းချရန် စဉ်းစားနိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပြုဖော်ပြခဲ့သည်။

Most Read

Most Recent