ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေတတိယအများဆုံးရအသင်းအဖြစ် လီဗာပူးလ်ရပ်တည်

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေတတိယအများဆုံးရအသင်းအဖြစ် လီဗာပူးလ်ရပ်တည်
Published 26 October 2018

 

လီဗာပူးလ်အသင်းသည် ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေတတိယအများဆုံးရရှိသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် လီဗာပူးလ်အသင်းသည် ယင်းပြိုင်ပွဲမှ ဝင်ငွေ ပေါင်(၇၂)သန်းအထိရရှိခဲ့ပြီး၊ မဟာပြိုင်ဘက် မန်ယူအသင်းထက် နှစ်ဆကျော်များပြားခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ယင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်း (ပေါင် ၇၈.၅ သန်း)နှင့် ဆီမီးဖိုင်နယ်ရောက်ခဲ့သည့် ရိုးမားအသင်း (ပေါင် ၇၄.၂ သန်း)တို့နောက် တတိယနေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ကလပ်များအနက် ဝင်ငွေအနည်းဆုံး ရရှိခဲ့သည့်အသင်းမှာ မန်ယူဖြစ်ပြီး ပေါင်(၃၅.၇) သန်းသာရရှိခဲ့ပြီး ဝင်ငွေအများဆုံးရစာရင်းတွင် အဆင့် (၁၄)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

ထိပ်ဆုံး(၁၀) သင်းစာရင်းတွင် လီဗာပူးလ်ပြီးနောက် ဂျူဗင်တပ်စ်၊ ဘိုင်ယန်၊ ချယ်လ်ဆီး၊ မန်စီးတီး၊  PSG၊ စပါးနှင့် ဘာစီလိုနာတို့က အစဉ်လိုက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေအများဆုံးရ ထိပ်ဆုံး (၁၀)သင်း

ရီးယဲလ်မက်ဒရစ် (စပိန်) - ပေါင် (၇၈.၅) သန်း

ရိုးမား (အီတလီ) - ပေါင် (၇၄.၂) သန်း

လီဗာပူးလ် (အင်္ဂလန်) - ပေါင် (၇၂) သန်း

ဂျူဗင်တပ်စ် (အီတလီ) - ပေါင် (၇၀.၉) သန်း

ဘိုင်ယန်မြူးနစ် (ဂျာမနီ) - ပေါင် (၆၂.၄) သန်း

ချယ်လ်ဆီး (အင်္ဂလန်) - ပေါင် (၅၇.၇) သန်း

မန်စီးတီး (အင်္ဂလန်) - ပေါင် (၅၆.၅) သန်း

PSG (ပြင်သစ်) - ပေါင် (၅၄.၉) သန်း

စပါး (အင်္ဂလန်) - ပေါင် (၅၄.၂) သန်း

ဘာစီလိုနာ (စပိန်) - ပေါင် (၅၀.၈) သန်း

Most Read

Most Recent