ဒေါ်လာနှင့် ရွှေစျေးနှုန်း အဆင်းကြမ်းလာပြီး တစ်ဒေါ်လာ ၁၅၆၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၉၈၈၅၀၀ အထိ ပြန်လည်ကျဆင်း

ဒေါ်လာနှင့် ရွှေစျေးနှုန်း အဆင်းကြမ်းလာပြီး တစ်ဒေါ်လာ ၁၅၆၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၉၈၈၅၀၀ အထိ ပြန်လည်ကျဆင်း
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်ရေး ကောင်တာတစ်ခုတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်ရေး ကောင်တာတစ်ခုတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)
Published 27 September 2018
စည်သူအောင်

စက်တင်ဘာ ၂၆ ရက်တွင် စျေးကွက်အတွင်း ဒေါ်လာနှင့် ရွှေစျေးနှုန်း အဆင်းကြမ်းလာပြီး တစ်ဒေါ်လာ ၁၅၆၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၉၈၈၅၀၀ အထိ ပြန်လည်ကျဆင်းလာကြောင်း စျေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်နေသူများထံမှ သိရသည်။

စက်တင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်တွင်သာ ဆက်လက် ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ၁၅၇၈ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ယခင်ရက်ထက် လေးကျပ်လျှော့ချခဲ့ကာ လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာခြောက်သိန်း ထုတ်ရောင်းပေးခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ၁၅၈၅ ကျပ်အထိ ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၂၀ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ကျပ် ၁၆၅၀ နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၃၀၄ ကျပ်၊ ၂၂ ရာခိုင်နှုန်းကျော် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း စက်တင်ဘာ ၂၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၆၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၈၀ ကျပ်၊ ထိုင်းဘတ် ၄၉ ဒသမ ၂ ကျပ်၊ တရုတ်ယွမ် ကျပ် ၂၂၉၊ ဂျပန်ယန်း ၁၃ ဒသမ ၉၅ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၄၅ ကျပ်ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးသည် စက်တင်ဘာ ၂၆ ရက်တွင် ဒေါ်လာ ၁၂၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာစျေးပြန်ကျလာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၉၈၈၅၀၀ အထိ ကျဆင်းလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေစျေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀ ဖြင့် စျေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးအဖြစ် စံချိန်သစ်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေစျေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေစျေး အနိမ့်ဆုံးစျေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးစျေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်း ရွှေစျေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေစျေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်) တို့ဖြစ်သည်။

Most Read

Most Recent