ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ Private Port Operator ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီရွေးချယ်ရန် လာမည့်ဒီဇင်ဘာတွင် နိုင်ငံတကာတင်ဒါ ခေါ်ယူမည်

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ Private Port Operator ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီရွေးချယ်ရန် လာမည့်ဒီဇင်ဘာတွင် နိုင်ငံတကာတင်ဒါ ခေါ်ယူမည်
ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီရွေးချယ်ရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU အား လက်မှတ်ရေးထိုးပြီး လဲလှယ်စဉ် 
ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီရွေးချယ်ရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU အား လက်မှတ်ရေးထိုးပြီး လဲလှယ်စဉ် 
Published 24 October 2018
ရွှန်းလဲ့ဝင်း

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ Private Port Operator ပုဂ္ဂလိက ဆိပ်ကမ်းဝန်ဆောင်မှုကုမ္ပဏီ ရွေးချယ်ခန့်ထားရန် လာမည့်ဒီဇင်ဘာတွင် နိုင်ငံတကာ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းရှိ စစ်တွေဆိပ်ကမ်း အပါအဝင် ဆိပ်ကမ်းနှင့် အဆောက်အအုံများ စီမံခန့်ခွဲခြင်း လုပ်ငန်းများအတွက် ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီရွေးချယ်ရန် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်ရှိ Hilton Hotel ဟိုတယ်တွင် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

အဆိုပါ ပုဂ္ဂလိကဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီ ရွေးချယ်နိုင်ရန် နိုင်ငံတကာတင်ဒါ ခေါ်ယူသွားမည်ဖြစ်ပြီး အိန္ဒိယကုမ္ပဏီဖြစ်စေ မြန်မာ-အိန္ဒိယ ဖက်စပ်ကုမ္ပဏီဖြစ်စေ ရွေးချယ်သွားမည်ဖြစ်သည်။    

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ပြည်တွင်းရေကြောင်းဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများအား စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေးအတွက် နားလည်မှုစာချွန်လွှာ MoU on the appointment of a Port Operator for the Operation and Maintenance of Sittwe Port, Pletwa Inland Water Terminal and Associated Facilities လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်ရှိ Hilton Hotel ဟိုတယ်တွင် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  

ယခုလက်မှတ်ရေးထိုးသည့် နားလည်မှု စာချွန်လွှာအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရကိုယ်စား အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် H.E Mr Vijay Gokhale တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယခု မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လက်မှတ်ရေးထိုးသည့် နားလည်မှု စာချွန်လွှာသည် ၂၀၀၈ ခုနှစ် ဧပြီတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် နောက်ဆက်တွဲ အခြေပြုစာချုပ်ငယ်သုံးခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကောနှင့် ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ပရိုတိုကောများအရ ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးမည့်ကိစ္စအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၁၈ အရ သဘောတူညီခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာ MoU အား လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေးး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent