ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် အယ်လ်ကာဆာ ဂိုးပါဝင်ပတ်သက်မှုနှုန်းအကောင်းဆုံးဖြစ်

ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် အယ်လ်ကာဆာ ဂိုးပါဝင်ပတ်သက်မှုနှုန်းအကောင်းဆုံးဖြစ်
Photo: Getty Images
Photo: Getty Images
Published 24 October 2018

 

ဒေါ့မွန်အသင်းတိုက်စစ်မှူး အယ်လ်ကာဆာသည် ယခုရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ဂိုးပါဝင်ပတ်သက်မှုနှုန်းအမြင့်ဆုံး  ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။

ယခုရာသီ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းမှ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာသည့် အယ်လ်ကာဆာသည် ဘွန်ဒစ်လီဂါတွင် (၇)ဂိုးအထိ သွင်းယူထားပြီး ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်နှင့်အ တူ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

စပိန်တိုက်စစ်မှူး အယ်လ်ကာဆာ (၂၅ နှစ်)သည် (၁၂၆)မိနစ်တွင် (၇)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပျမ်းမျှ (၁၈)မိနစ်တွင် (၁)ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခု၏ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနှင့် ဂိုးဖန်တီးမှု)နှုန်း အမြင့်ဆုံးစာရင်းတွင် အယ်လ်ကာဆာက အကောင်းဆုံးအဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်သည်။

ဒုတိယနေရာတွင် ဖရန့်ဖတ်အသင်း၏ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ယိုဗစ် (၂၀ နှစ်) က (၃၇)မိနစ်လျှင် ဂိုးပါဝင်ပတ်သက်မှု (၁) ကြိမ်ဖြင့် ရှိနေသည်။ တတိယနေရာတွင် ဒေါ့မွန်အသင်း၏ အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုက (၃၈)မိနစ်ဖြင့် ရပ်တည်နေပြီး အဆင့် (၄)နှင့် အဆင့် (၅)နေရာတို့တွင်  လီဂူးထိပ်သီး PSG အသင်းမှ ဘာပေနှင့် ဒီယာဘီတို့က ရပ်တည်နေကြောင်းသိရသည်။

 

Most Read

Most Recent