အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာတဲ့ လီဗာပူးလ်

အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာတဲ့ လီဗာပူးလ်
Published 21 October 2018

 

■ ဟတ်ဒါဖီးလ် ၀-၁ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၉) စနေညရဲ့ နောက်ဆုံးပွဲမှာတော့ လီဗာပူးလ်အသင်းက ဟတ်ဒါဖီးလ်အသင်းကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ပွဲထွက်စာရင်းမှာ အပြောင်းအလဲများခဲ့ပြီး ဗန်ဒိုက်၊ ဆာလာ၊ မီလ်နာတို့ ပါဝင်လာခဲ့ပေမယ့် ဖေမီနိုကို အရန်ခုံမှာထားခဲ့သလို ကီတာနဲ့ မာနေကတော့ လူစာရင်းမှာတောင် ပါဝင်လာခြင်းမရှိပါဘူး။

ဟတ်ဒါဖီးလ်အသင်းကတော့ (၃-၅-၁-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ဘီလင်း၊ ဟော့ဂ်၊ ဒေပွိုင်ထယ် စတဲ့ အဓိကကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစကတည်းက ဟတ်ဒါဖီးလ်အသင်းကို ဖိကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ ချိတ်ဆက်မှု အားနည်းခဲ့တာကြောင့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ ပွဲချိန် (၂၄)မိနစ်မှာတော့ လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ရှာကီရီ မျောထိုးပေးတာကို ဆာလာက ဟတ်ဒါဖီးလ်နောက်ခံလူတွေ တားဆီးဖို့ ကြိုးစားနေတဲ့ကြားက ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို မြေလှိမ့်ဘောကန်သွင်းခဲ့တာပါ။ ဒီဂိုးဟာ လီဗာပူးလ်အတွက် ဆာလာရဲ့ ပြိုင်ပွဲစုံ (၅၀)မြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင် ဟတ်ဒါဖီးလ်တို့ ကစားပုံပိုကောင်းခဲ့ပြီး (၃၁)မိနစ်မှာ ဟော့ဂ် ကန်ချက်တိုင်ထိထွက်လို့ နစ်နာခဲ့ရသလို ဂိုးဧရိယာထဲမှာ မီလ်နာ ဘောလုံးကို တားဆီးဖို့ ကြိုးစားရင်း လက်နဲ့ ထိခဲ့ပေမယ့် ပယ်နယ်တီ မပေးခဲ့ရတာကြောင့် လီဗာပူးလ်တို့ ကံကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဟတ်ဒါဖီးလ်အသင်းဟာ လီဗာပူးလ်အသင်းကို ဖိအားပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နောက်တန်းနဲ့ ဂိုးသမားကို ကျော်နိုင်ခြင်းမရှိတာကြောင့် ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ဝိုင်နယ်လ်ဒမ်း၊ ဖေမီနို၊ ဖာဘင်ညိုစတဲ့ ကစားသမားတွေကို ထည့်သွင်းကစားစေခဲ့ပေမယ့် ဟတ်ဒါဖီးလ်ကို မကျော်နိုင်ခဲ့ပါဘူး။

နယူးကာဆယ်နဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ လုံးဝနိုင်ပွဲမရသေးပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ ဟတ်ဒါဖီးလ်ရဲ့ ကစားပုံကမဆိုးပါဘူး။ ရှေ့တန်းမှာ ဂိုးသွင်းနိုင်တဲ့ တိုက်စစ်ကစားသမားမရှိတာက သူတို့ နစ်နာစေခဲ့ပါတယ်။

လီဗာပူးလ်ကတော့ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၉)အပြီးမှာ မန်စီးတီးနဲ့အတူ ရမှတ် (၂၃)မှတ် ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ချယ်လ်ဆီး ၂-၂ မန်ယူ

ဘုန်းမောက် ၀-၀ ဆောက်သမ်တန်

ကာဒစ်ဖ် ၄-၂ ဖူလ်ဟမ်

မန်စီးတီး ၅-၀ ဘန်လေ

နယူးကာဆယ် ၀-၁ ဘရိုက်တန်

ဝက်စ်ဟမ်း ၀-၁ စပါး

ဝုလ်ဗ် ၀-၂ ဝက်ဖို့ဒ်

ဟတ်ဒါဖီးလ် ၀-၁ လီဗာပူးလ်

 

လာလီဂါ

ရီးယဲလ်မက်ဒရစ် ၁-၂ လီဗန်တေး

ဗလင်စီယာ ၁-၁ လီဟာနက်စ်

ဗီလာရီးယဲလ် ၁-၁ အက်သလက်တီကို

 

စီးရီးအေ

ရိုးမား ၀-၂ SPAL

ဂျူဗင်တပ်စ် ၁-၁ ဂျီနိုအာ

 

ဘွန်ဒစ်လီဂါ

လေဗာကူဆင် ၂-၂ ဟန်နိုဗာ

စတုဂတ် ၀-၄ ဒေါ့မွန်

အော့စ်ဘတ် ၀-၀ လိုက်ပ်ဇစ်

ဝုလ်ဖ်ဘတ် ၁-၃ ဘိုင်ယန်မြူးနစ်

နုရင်ဘတ် ၁-၃ ဟော်ဖန်ဟင်မ်

ရှော်လ်ကေး ၀-၂ ဝါဒါဘရီမင်

 

လီဂူး

PSG ၅-၀ အာမီယန်စ်

 

လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၂-၁ လိဒ်စ်

အက်စတွန်ဗီလာ ၁-၀ ဆွမ်ဆီး

ဘရန့်ဖို့ဒ် ၀-၁ ဘရစ္စတိုးလ်စီးတီး

ဟားလ်စီးတီး ၁-၁ ပရက်စတန်

အစ်ဝစ်ချ် ၀-၂ QPR

နော်တင်ဟမ် ၁-၂ နောဝစ်ချ်

ရက်ဒင်း ၃-၁ မီဝေါလ်

ရော့သာဟမ် ၁-၁ ဘော်လ်တန်

စတုတ်စီးတီး ၀-၁ ဘာမင်ဂမ်

ဝီဂန် ၁-၀ ဝက်စ်ဘရွန်း

ဒါဘီ ၂-၁ ရှက်ဖီးယူနိုက်တက်

Most Read

Most Recent