ပရီးမီးယားလိဂ်တွင် မန်စီးတီးနှင့် စပါးအသင်းတို့ နိုင်ပွဲများရရှိ

ပရီးမီးယားလိဂ်တွင် မန်စီးတီးနှင့် စပါးအသင်းတို့ နိုင်ပွဲများရရှိ
Published 20 October 2018

 

စနေညကကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် မန်စီးတီးအသင်းနှင့်် စပါးအသင်းတို့က ပြိုင်ဘက်များကို အနိုင်ရရှိခဲ့ကြသည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ဘန်လေအသင်းကို သက်သက်သာသာကစားပြီး (၅-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းအတွက် ဂိုးများကို ပွဲချိန် (၁၇) မိနစ်တွင် အဂွဲရိုး၊ (၅၄) မိနစ်တွင် ဘာနာဒိုဆေးလ်ဗား၊ ပွဲချိန် (၅၉) မိနစ်တွင် ဖာနန်ဒင်ဟို၊ ပွဲချိန် (၈၃) မိနစ်တွင် မာရက်ဇ်နှင့် ပွဲချိန် မိနစ် (၉၀) တွင် ဆာနေးတို့က သွင်းယူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၉) အပြီးတွင် ရမှတ် (၂၃) မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ဝက်စ်ဟမ်းနှင့် စပါးတို့၏ လန်ဒန်ဒါဘီပွဲစဉ်တွင် အကြိတ်အနယ်ရှိခဲ့ပြီး ဧည့်သည်စပါးအသင်းက (၁-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပြီးခါနီးပွဲချိန် (၄၄) မိနစ်တွင် လာမယ်လာက သွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲမှာ စပါးအတွက် ယခုရာသီပရီးမီးယားလိဂ်တွင် (၄) ပွဲဆက်နိုင်ပွဲဖြစ်ခဲ့ပြီး ရမှတ် (၂၁) မှတ်အထိရရှိထားကာ အမှတ်ပေးဇယားထိပ်ပိုင်းမှအသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့ကြောင်းသိရသည်။



■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ချယ်လ်ဆီး ၂-၂ မန်ယူ

ဘုန်းမောက် ၀-၀ ဆောက်သမ်တန်

ကာဒစ်ဖ် ၄-၂ ဖူလ်ဟမ်

မန်စီးတီး ၅-၀ ဘန်လေ

နယူးကာဆယ် ၀-၁ ဘရိုက်တန်

ဝက်စ်ဟမ်း ၀-၁ စပါး

ဝုလ်ဗ် ၀-၂ ဝက်ဖို့ဒ်

လာလီဂါ

ရီးယဲလ်မက်ဒရစ် ၁-၂ လီဗန်တေး

ဗလင်စီယာ ၁-၁ လီဟာနက်စ်

စီးရီးအေ

ရိုးမား ၀-၂ SPAL

ဘွန်ဒစ်လီဂါ

လေဗာကူဆင် ၂-၂ ဟန်နိုဗာ

စတုဂတ် ၀-၄ ဒေါ့မွန်

အော့စ်ဘတ် ၀-၀ လိုက်ပ်ဇစ်

ဝုလ်ဖ်ဘတ် ၁-၃ ဘိုင်ယန်မြူးနစ်

နုရင်ဘတ် ၁-၃ ဟော်ဖန်ဟင်မ်

လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၂-၁ လိဒ်စ်

အက်စတွန်ဗီလာ ၁-၀ ဆွမ်ဆီး

ဘရန့်ဖို့ဒ် ၀-၁ ဘရစ္စတိုးလ်စီးတီး

ဟားလ်စီးတီး ၁-၁ ပရက်စတန်

အစ်ဝစ်ချ် ၀-၂ QPR

နော်တင်ဟမ် ၁-၂ နောဝစ်ချ်

ရက်ဒင်း ၃-၁ မီဝေါလ်

ရော့သာဟမ် ၁-၁ ဘော်လ်တန်

စတုတ်စီးတီး ၀-၁ ဘာမင်ဂမ်

ဝီဂန် ၁-၀ ဝက်စ်ဘရွန်း

Most Read

Most Recent