နေပြည်တော် စည်ပင်ဌာနမှူးနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် စတင်တရားစွဲဆို

နေပြည်တော် စည်ပင်ဌာနမှူးနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် စတင်တရားစွဲဆို
Published 1 November 2017

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန ဌာနမှူး ဦးမင်းလွင်စိုး နှင့် သားသတ်ရုံဌာနမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားရာ အောက်တိုဘာ ၃၁ ရက် ညနေ လေးနာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စတင်တရားစွဲဆို ရုံးထုတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှူး (ဒုညွှန်ချုပ်) ဦးမင်းလွင်စိုးသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၂၀ ကို ယခုနှစ် မတ်လအတွင်း လက်ခံ ရယူခဲ့ကြောင်း၊ သားသတ်ဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှသည်လည်း ဦးဘိုဘိုဟန်ထံမှ ကျပ် သိန်း ၄၀ ကို ယခုနှစ် မေလအတွင်း လက်ခံရယူ ခဲ့သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ် ပေါက်ခဲ့၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“နေပြည်တော်စည်ပင်က ဌာနမှူးနှစ်ဦးကို ဒီနေ့ တိုင်းတရားလွှတ်တော်မှာ စတင် တရားစွဲတင်တာဖြစ်ပါတယ်။ ဒေါက်တာခိုင်စိုးလှကိုတော့ နိုဝင်ဘာ ၁၄ ရက်နေ့နဲ့ ဦးမင်းလွင်စိုးကိုတော့ ၁၅ ရက်နေ့ ပြန်လည်ချိန်းဆို လိုက်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိုးက ပြောကြားသည်။

Most Read

Most Recent