ပရီးမီးယားလိဂ်တွင် ပွဲအနည်းဆုံးကစားပြီး ဂိုးဖန်တီးမှု(၁၀၀)ပြည့်သည့် ကစားသမားအဖြစ် ဖာဘရီဂတ်စ် ဂင်းနစ်မှတ်တမ်းဝင်

ပရီးမီးယားလိဂ်တွင် ပွဲအနည်းဆုံးကစားပြီး ဂိုးဖန်တီးမှု(၁၀၀)ပြည့်သည့် ကစားသမားအဖြစ် ဖာဘရီဂတ်စ် ဂင်းနစ်မှတ်တမ်းဝင်
Published 17 October 2018

ချယ်လ်ဆီးအသင်း၏စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲအနည်းဆုံးကစားပြီး ဂိုးဖန်တီးမှု(၁၀၀)ပြည့်မြောက်သည့် ကစားသမားအဖြစ် ၂၀၁၉ ခုနှစ်အတွက် ထုတ်ဝေသည့် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ဖော်ပြခံခဲ့ရကြောင်း သိရသည်။

အသက်(၃၁)နှစ်ရှိ ဖာဘရီဂတ်စ်သည် အာဆင်နယ်၊ ချယ်လ်ဆီး စသည့်အသင်းများတွင် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၉၃)ပွဲပါဝင်ကစားခဲ့ပြီး မန်ယူအသင်း၏ဝေးလ်စ်တောင်ပံကစားသမားဟောင်း ရိုင်ယန်ဂစ်၏ပရီးမီးယားလိဂ်(၃၆၇)ပွဲတွင် ဂိုးဖန်တီးမှု အကြိမ်(၁၀၀)ပြည့်သည့်စံချိန်ကို (၇၄)ပွဲလျော့ကစားပြီး ယခုကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ဖာဘရီဂတ်စ်သည် ယင်းမှတ်တမ်းအား၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်က စတုတ်စီးတီးအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဖာဘရီဂတ်စ်သည် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ယခုအကြိမ်မှာ ဒုတိယမြောက်ဖော်ပြခံရခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ကလည်း စက္ကန့်(၃၀)အတွင်း ဘောလုံးပေးပို့မှုအများဆုံးကစားသမားအဖြစ် (၁၅)ကြိမ်ဖြင့် လီဗာပူးကွင်းလယ်လူ

ဟောင်း ဂျေမီရက်နက်ပ်နှင့်အတူ မှတ်တမ်းဝင်ခဲ့ဖူးသည်။

၂၀၁၉ ခုနှစ်အတွက် ထုတ်ဝေသည့် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ဖာဘရီဂတ်စ်အပြင် လီဗာပူးလ်အသင်း၏ အီဂျစ်တောင်ပံတိုက်စစ်ကစားသမား ဆာလာ၊ စပါးအသင်း၏အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းနှင့် ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင်မှတ်တမ်းများဖြင့် ဗိုလ်စွဲခဲ့သည့် မန်စီးတီးအသင်းတို့မှာလည်း မှတ်တမ်းတင် ဖော်ပြခံခဲ့ကြောင်း သိရသည်။

ဆာလာသည် လီဗာပူးလ်အသင်းအတွက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး (၃၂)ဂိုးသွင်းယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့သလို တစ်ရာသီအတွင်း ပွဲစဉ်(၂၄)ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပွဲအများဆုံးဂိုးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့သည်။

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းမှာလည်း ဘောလုံးပြက္ခတိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူအဖြစ် (၃၉)ဂိုးဖြင့်လည်းကြောင်း၊ ဟက်ထရစ်အများဆုံးသွင်းသူအဖြစ် (၆)ကြိမ်ဖြင့်

လည်းကောင်း ဖော်ပြခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် စံချိန်တင်ရမှတ်(၁ဝဝမှတ်)၊ စံချိန်တင်နိုင်ပွဲ(၃၂ပွဲ)၊ စံချိန်တင်သွင်းဂိုး(၁၀၆ဂိုး)အပါအဝင် နိုင်ပွဲဆက်မှုအများဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည့် မန်စီးတီးအသင်းကိုလည်း ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent