ယခုရာသီ ပရီးမီးယားလိဂ်တွင် အမြန်ဆုံးကစားသမားမှာ ဟတ်ဒါဖီးလ် တိုက်စစ်မှူး အိုင်ဆက်ဖြစ်ပြီး အနှေးဆုံးမှာ ဂယ်ရီကာဟေးလ်ဖြစ်နေ

ယခုရာသီ ပရီးမီးယားလိဂ်တွင် အမြန်ဆုံးကစားသမားမှာ ဟတ်ဒါဖီးလ် တိုက်စစ်မှူး အိုင်ဆက်ဖြစ်ပြီး အနှေးဆုံးမှာ ဂယ်ရီကာဟေးလ်ဖြစ်နေ
Published 16 October 2018

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲကစားအပြီး၌ အမြန်ဆုံးကစားသမား (၁၀)ဦးစာရင်းနှင့် အနှေးဆုံးကစား သမား (၁၀)ဦးစာရင်းကို ဘောလုံးအချက်အလက်ဝက်ဘ် ဆိုက်ဖြစ်သည့် Opta ၏ ဖော်ပြချက်ကို ကိုးကား၍ Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်တွင် အမြန်ဆုံးကစားသမားဟု နာမည် ကြီးသော အူဘာမီယန်း၊ ဘယ်လာရင်၊ ဝေါလ်ကော့ အစရှိသူ တို့မှာ ယခုထုတ်ပြန်သော အမြန်ဆုံး (၁၀)ဦးစာရင်းတွင် ပါဝင် လာခြင်းမရှိကြောင်း သိရသည်။ ပွဲစဉ် (၈)ပွဲကစားပြီးချိန်၌ အမြန်ဆုံးကစားသမားမှာ ဟတ်ဒါဖီးလ်အသင်း၏ ဘယ်လ်ဂျီ ယံတိုက်စစ်မှူး အိုင်ဆက် (၂၂ နှစ်) ဖြစ်ကြောင်း သိရှိရသည်။

အိုင်ဆက်သည် ယခုအောက်တိုဘာလ (၆)ရက်နေ့က ကစား ခဲ့သော ဘန်လေ (၁-၁) ဟတ်ဒါဖီးလ်ပွဲတွင် အမြန်ဆုံးပြေးနှုန်း  အဖြစ် တစ်နာရီ (၃၄.၉၅၃) ကီလိုမီတာနှုန်းဖြင့် ပြေးလွှားကစား ခဲ့ကြောင်း သိရှိရသည်။

ဒုတိယနေရာတွင် အဲဗာတန်အသင်း၏ အင်္ဂလန်ကွင်း လယ်လူ ကယ်လ်ဗတ်လူဝင်(၂၁ နှစ်)ကလည်းကောင်း၊ တတိ ယနေရာတွင် ဖူလ်ဟမ်အသင်း၏ အင်္ဂလန်တောင်ပံကစား သမား ဆီဆက်နွန်(၁၈ နှစ်)ကလည်းကောင်း ရပ်တည်နေပြီး လူငယ်ကစားသမားများက အမြန်ဆုံးစာရင်း၏ ထိပ်ဆုံး(၃) နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အမြန်ဆုံးကစားသမား ထိပ်ဆုံး (၁၀)ဦးစာရင်းတွင် မန်ယူအသင်း၏ ၀ါရင့်တိုက်စစ် မှူး လူကာကူ၊ ချယ်လ်ဆီးအသင်း၏ ၀ါရင့်ကွင်းလယ်လူ ဝီလီ ယံ၊ မန်စီးတီးအသင်း၏ ၀ါရင့်နောက်ခံလူ ဝေါ်လ်ကာ  အစရှိ သော နာမည်ကြီးကစားသမားများလည်း ပါဝင်ခဲ့သည်။

Opta က ထုတ်ပြန်သော စာရင်းအရ ပရီးမီးယားလိဂ် အနှေးဆုံးကစားသမား (၁၀)ဦးစာရင်းကိုလည်း Mirror သတင်းစာက ဖော်ပြခဲ့ရာ ချယ်လ်ဆီးအသင်း၏ အင်္ဂလန် နောက်ခံလူ ဂယ်ရီကာဟေးလ်မှာ ထိ်ပ်ဆုံးတွင် ဦးဆောင်နေ ကြောင်း သိရှိရသည်။

ဂယ်ရီကာဟေးလ်သည် ပြီးခဲ့သည့်ရာ သီများက ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ရ ပြီး နောက်တန်းတွင် အားထားရသော ကစားသမားတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၃)ပွဲသာ ကစားခွင့်ရထားပြီး နေရာပျောက်လျက်ရှိနေသည်။ 

ယခုရာသီ ၎င်းင်း၏ အမြန်ဆုံးပြေးနှုန်းမှာ တစ်နာရီလျှင် (၂၆.၃၄) ကီလိုမီတာနှုန်းသာရှိ၍ အနှေးဆုံးစာရင်းဝင်ခဲ့ခြင်းဖြစ်ပြီး ဒုတိ ယနေရာတွင် လီဗာပူးလ်အသင်း၏ နာမည်ကြီးကွင်းလယ်လူ လယ်လာနာက ရပ်တည်နေကြောင်း သိရသည်။

အမြန်ဆုံးကစားသမား (၁၀)ဦး

ကစားသမား အသင်း တစ်နာရီအမြန်ဆုံးပြေးနှုန်း ပြိုင်ဘက်အသင်း

အိုင်ဆက် ဟတ်ဒါဖီးလ် ၃၄.၉၅၃ ကီလိုမီတာ ဘန်လေ

ကယ်လ်ဗတ်လူဝင် အဲဗာတန် ၃၄.၉၃၅ ကီလိုမီတာ ဆောက်သမ်တန်

ဆီဆက်နွန် ဖူလ်ဟမ် ၃၄.၉၁၃ ကီလိုမီတာ မန်စီးတီ

းလူကာကူ မန်ယူ ၃၄.၈၉၄ ကီလိုမီတာ ဝက်ဖို့ဒ်

ဝီလီယံ ချယ်လ်ဆီး ၃၄.၈၉၂ ကီလိုမီတာ ကာဒစ်ဖ်

ဟယ်လ်ဒါကော်စတာ ဝုလ်ဗ် ၃၄.၈၅၈ ကီလိုမီတာ မန်ယူ

ကွန်ဂိုလို ဟတ်ဒါဖီးလ် ၃၄.၈၅၃ ကီလိုမီတာ စပါ

းဝေါ်လ်ကာ မန်စီးတီး ၃၄.၈၄၅ ကီလိုမီတာ အာဆင်နယ်

လန်နွန် ဘန်လေ ၃၄.၈၂၆ ကီလိုမီတာ ဆောက်သမ်တန်

ဖရက်ဒရစ် ဝက်စ်ဟမ်း ၃၄.၇၆၇ ကီလိုမီတာ အာဆင်နယ်

အနှေးဆုံးကစားသမား (၁၀)ဦး

ကစားသမား အသင်း တစ်နာရီအမြန်ဆုံးပြေးနှုန်း

ဂယ်ရီကာဟေးလ် ချယ်လ်ဆီး ၂၆.၃၄ ကီလိုမီတာ

လယ်လာနာ လီဗာပူးလ် ၂၆.၈၉ ကီလိုမီတာ

ဒီယန်ဂါနာ ဝက်စ်ဟမ်း ၂၆.၉၁ ကီလိုမီတာ

ဒွိုက်မက်နေး ဘန်လေ ၂၆.၉၄ ကီလိုမီတာ

လုခ်အာမို့စ် စပါး ၂၇.၁၉ ကီလိုမီတာ

အီဘော်ရာ လက်စတာ ၂၇.၄၉ ကီလိုမီတာ

ဆိုဘီ ဟတ်ဒါဖီးလ် ၂၇.၅၄ ကီလိုမီတာ

ရိုမန်ဆေး ဝုလ်ဗ် ၂၇.၆၄ ကီလိုမီတာ

စတာရစ်ချ် လီဗာပူးလ် ၂၇.၉၆ ကီလိုမီတာ

ကီဗင်လောင်း ဘန်လေ ၂၈ ကီလိုမီတာ

Most Read

Most Recent