မြန်မာဂေါ့ဖ်ကစားသမား ဟိန်းစည်သူ PGA ပြိုင်ပွဲဝင်ခွင့်ရရန် လက်ရည်စစ်ပထမအဆင့် အောင်မြင်

မြန်မာဂေါ့ဖ်ကစားသမား ဟိန်းစည်သူ PGA ပြိုင်ပွဲဝင်ခွင့်ရရန် လက်ရည်စစ်ပထမအဆင့် အောင်မြင်
Photo – MGF
Photo – MGF
Published 14 October 2018

မြန်မာ ဂေါ့ဖ်ကစားသမား ဟိန်းစည်သူသည် PGA ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် အကြိုပြိုင်ပွဲအဖြစ် ကျင်းပသည့် Web.com ပြိုင်ပွဲ၏ လက်ရည်စစ်ပထမအဆင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ ပထမအဆင့်လက်ရည်စစ်ပွဲကို အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကျင်းပရာ ဟိန်းစည်သူက အဆင့်(၁၀)နေရာ ရရှိခဲ့ခြင်းဖြစ်သည်။

ပထမအဆင့်လက်ရည်စစ်ပွဲတွင် ဟိန်းစည်သူသည် လေးရက်ပေါင်း ရိုက်ချက် ၂၇၈ ချက်ဖြင့် လျှော့ရိုက်ချက် ၁၀ ချက်ရရှိကာ အဆင့်(၁၀)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ပထမအဆင့်  လက်ရည်စစ်ပွဲကို နေရာ ၁၀ ခု၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲတစ်ခုတွင် ကစားသမား ၈၀ ဖြင့် စုစုပေါင်းကစားသမား ၈၀၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတစ်ခုစီမှ ထိပ်ဆုံး ၂၀ ဦးစီဖြင့် စုစုပေါင်း ၂၀၀ မှာ ဒုတိယအဆင့်လက်ရည်စစ်ပွဲသို့ တက်ရောက်ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။ ဒုတိယအဆင့်လက်ရည်စစ်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ နေရာငါးနေရာ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတစ်ခုစီမှ ထိပ်ဆုံးကစားသမား ၂၀ ဖြင့် စုစုပေါင်း ၁၀၀ မှာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆုကြေးသတ်မှတ်ချက် အဆင့် (၁) မှ (၅၀) အထိ ရရှိသည့် ကစားသမား ၅၀ မှာ PGA ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent