လူမျိုးရေးခွဲခြားသည့် ချယ်လ်ဆီးပရိသတ်များအား အော့စ်ဝစ်ဇ်အကျဉ်းစခန်းသို့ လေ့လာခရီးပို့ဆောင်မည်

လူမျိုးရေးခွဲခြားသည့် ချယ်လ်ဆီးပရိသတ်များအား အော့စ်ဝစ်ဇ်အကျဉ်းစခန်းသို့ လေ့လာခရီးပို့ဆောင်မည်
Published 13 October 2018

ချယ်လ်ဆီးအသင်းသည် လူမျိုးရေးခွဲ ခြားမှုပြုလုပ်သည့် ပရိသတ်များအား ပွဲပယ် ပြစ်ဒဏ်အစား ပိုလန်နိုင်ငံရှိ အော့စ်ဝစ်ဇ် နာဇီအကျဉ်းစခန်းသို့ လေ့လာခရီးပို့ဆောင် မည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းပရိသတ်များသည် မြို့ခံပြိုင်ဘက်စပါးအသင်းနှင့် ယှဉ်ပြိုင်ကစား သည့်ပွဲများတွင် ဂျူးလူမျိုးဆန့်ကျင်ရေးသီချင်း သီဆို၍ လူမျိုးရေးခွဲခြားလေ့ရှိသဖြင့် ဝေဖန်မှု များ ခံနေရသည်။

ထို့ပြင် ချယ်လ်ဆီးအသင်း ပိုင်ရှင် အေဘရာမိုဗစ်ချ်မှာလည်း ဂျူးလူမျိုး ဖြစ်သောကြောင့် လူမျိုးရေးခွဲခြားသူများအား နာဇီအကျဉ်းစခန်း၌ လေ့လာရေးသင်တန်း ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အော့စ် ဝစ်ဇ်အကျဉ်းစခန်းမှာ ဒုတိယကမ္ဘာစစ်ကာလ အတွင်း နာဇီဂျာမနီတို့က ဂျူးလူမျိုးများ အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်း စခန်းဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ် နှင့်ပတ်သက်၍ ချယ်လ်ဆီးအသင်းဥက္ကဋ္ဌ ဘရုစ်ဘက်က ”လူတွေကို ပွဲပယ်ပြစ်ဒဏ်ချ ရုံနဲ့ သူတို့ရဲ့အပြုအမူတွေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီမူဝါဒက ပရိသတ်တွေအနေနဲ့ သူတို့ရဲ့အပြုအမူဟာ ဘယ်လိုလုပ်ရပ်မျိုးလဲ ဆိုတာ ပိုပြီးနားလည်သဘောပေါက်လာစေ မှာပါ။ ဒီခရီးစဉ်က သူတို့ရဲ့အပြုအမူတွေကို ပိုပြီးကောင်းလာစေမှာပါ။ အရင်တုန်းက တော့ လူမျိုးရေးခွဲခြားမှုလုပ်ရင် သုံးနှစ်နဲ့ အထက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ဒီနေ့ မှာတော့ အမှားကျူးလွန်တယ်ဆိုရင် ရွေးစရာ ရှိတယ်။ ပွဲပယ်ပြစ်ဒဏ်ကျခံမလား၊ အသင်း တာဝန်ရှိသူတွေနဲ့ အချိန်တချို့သွားနေမလား ဆိုပြီး ပြောမှာပါ”ဟု The Sun သတင်းစာသို့ ပြောကြားသည်။

Most Read

Most Recent