အစိုးရအရာရှိနှစ်ဦးကိုတိုက်ခိုက်ခဲ့သည့် ကက်ကိုရင်နှင့် မာမက်ဗ် နှစ်လကြာ ထိန်းသိမ်းခံရမည်

အစိုးရအရာရှိနှစ်ဦးကိုတိုက်ခိုက်ခဲ့သည့် ကက်ကိုရင်နှင့် မာမက်ဗ် နှစ်လကြာ ထိန်းသိမ်းခံရမည်
Published 13 October 2018

အစိုးရအရာရှိနှစ်ဦးကို ကိုယ်ထိလက် ရောက်ကျူးလွန်တိုက်ခိုက်ခဲ့သည့် ရုရှားလက် ရွေးစင်ကစားသမား ကက်ကိုရင်နှင့် မာမက်ဗ် သည် အကျဉ်းထောင်၌ နှစ်လကြာထိန်းသိမ်း ခံရမည်ဖြစ်ကြောင်း အစိုးရရှေ့နေများက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။

 ရုရှားကလပ် ဇင်းနစ်အသင်းတောင်ပံ ကစားသမား ကက်ကိုရင်နှင့် ခရက်စ်နိုဒါ အသင်းကွင်းလယ်လူ မာမက်ဗ်သည် အောက် တိုဘာ ၈ ရက်က မော်စကိုမြို့ရှိ အထက်တန်း လွှာများ စားသောက်လေ့ရှိသည့် ကော်ဖီဆိုင် ၌ ရုရှားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးကို ကိုယ်ထိလက်ရောက်ကျူး လွန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကက်ကိုရင် နှင့် မာမက်ဗ်သည် ဒန်းနစ်ပက်ဟုအမည်ရ သည့် တောင်ကိုရီးယားနွယ်ဖွား အရာရှိကို လူမျိုးရေးအရ လှောင်ပြောင်မှုပြုလုပ်ခဲ့ပြီး ထိုင်ခုံဖြင့်ရိုက်နှက်သောကြောင့် သတိမေ့ မြောသွားကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ နှစ်ဦးသည် ကော်ဖီဆိုင်တိုက်ခိုက်မှုမဖြစ်ပွား မီ ယင်းနေ့မှာပင် ရုပ်သံအစီအစဉ်တင်ဆက် သူ အမျိုးသမီးတစ်ဦး၏ယာဉ်မောင်းကို တိုက် ခိုက်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့သည့် အပြင် မာစီးဒီးစ်အမျိုးအစား မော်တော်ယာဉ် မှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးကို အောက်တိုဘာ ၁၁ ရက်က တရားရုံး၌ ကြားနာစစ်ဆေးခဲ့ပြီး ဒုတိယ အကြိမ် စစ်ဆေးမှုကို ဒီဇင်ဘာ ၈ ရက်မှပြုလုပ် မည်ဖြစ်သောကြောင့် နှစ်လကြာ ဆက်လက် ထိန်းသိမ်းခံရမည်ဖြစ်သည်။

တရားရုံး၌ ကြား နာစစ်ဆေးမှုပြုလုပ်စဉ် နှစ်ဦးစလုံးက အမှား များအတွက် တောင်းပန်ကြောင်း TASS သတင်းဌာနသို့ ပြောကြားသည်။

ရုရှားပရီးမီးယားလိဂ်ပြိုင်ပွဲက ၎င်းင်းတို့ကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်သင့်ကြောင်းနှင့် တစ်သက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်သင့် ကြောင်း တောင်းဆိုထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီ ထရီပက်စ်ကော့ဗ်ကလည်း ယင်းဖြစ်ရပ်အား တစ်နိုင်ငံလုံးနှင့်အတူ စောင့်ကြည့်နေကြောင်း သုံးသပ်ပြောကြားထားသည်။

ခရက်စ်နိုဒါ အသင်းက မာမက်ဗ်၏စာချုပ်ကို ဖျက်သိမ်း ရန် စီစဉ်လျက်ရှိပြီး ဇင်းနစ်အသင်းကလည်း ကက်ကိုရင်အမည်ပါဝင်သည့် အကျႌများ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို အကြမ်းဖက်ရမ်း ကားမှုဖြင့် စွဲချက်တင်စစ်ဆေးမည်ဖြစ်ပြီး ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

Most Recent