ကွင်းသစ်ကို ခရစ္စမတ်မတိုင်မီ ဖွင့်လှစ်နိုင်ရန် စပါးအသင်း မျှော်လင့်နေ

ကွင်းသစ်ကို ခရစ္စမတ်မတိုင်မီ ဖွင့်လှစ်နိုင်ရန် စပါးအသင်း မျှော်လင့်နေ
Published 11 October 2018

စပါးအသင်းသည် တည်ဆောက်နေဆဲဖြစ်သည့် ကွင်းသစ်ကို ခရစ္စမတ်မတိုင်မီ ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

စပါးအသင်းသည် ၀ိှုက်ဟတ်လိန်းကွင်းကို ပရိသတ်(၆၂၀၀၀)ကျော် ဝင်ဆံ့သည့်ကွင်းအသစ် တိုးချဲ့တည်ဆောက်နေခြင်းဖြစ်ပြီး စက်တင်ဘာလကတည်းက ဖွင့်လှစ်နိုင်ရန် ရည်မှန်းခဲ့သော်လည်း ပရိသတ်များအတွက် လုံခြုံစိတ်ချရမှု မရှိသေးသည့်အတွက် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝင်ဘလေကွင်းကိုပင် ဆက်လက်ငှားရမ်းအသုံးပြုခဲ့ရပြီး လေ့လာသူများက လာမည့် ၂၀၁၉ ခုနှစ်မှသာ ကွင်းသစ်ကို အသုံးပြုနိုင်ဖွယ်ရှိသည်ဟု မှန်းဆခဲ့ကြသည်။

သို့သော် စပါးအသင်းတာဝန်ရှိသူများက ယခုနှစ်အတွင်းမှာပင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာ(၁၅)တွင် ယှဉ်ပြိုင်ကစားရမည့် ဘန်လေအသင်းနှင့်ပွဲစဉ်၌ စတင်ဖွင့်လှစ်သွားရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက ''ဒီနှစ်ထဲမှာ ကွင်းသစ်ကို အသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အားလုံးကလည်း အပြင်းအထန် ကြိုးစားနေကြပါတယ်။ ခရစ္စမတ်မတိုင်ခင် ဖွင့်လှစ်နိုင်ဖို့ ဆန္ဒရှိပါတယ်'' ဟုဆိုခဲ့သည်။

 

Most Read

Most Recent