မီဒီယာအား ဖိနှိပ် ထိန်းချုပ်ရန်အတွက် ခေတ်မမီတော့သည့် ဖိနှိပ်မှုဥပဒေကို ဆက်လက် အသုံးပြုနေခြင်းက မြန်မာ့ဒီမိုကရေစီနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်နစ်နာကြောင်း အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့ ထုတ်ပြန်

မီဒီယာအား ဖိနှိပ် ထိန်းချုပ်ရန်အတွက် ခေတ်မမီတော့သည့် ဖိနှိပ်မှုဥပဒေကို ဆက်လက် အသုံးပြုနေခြင်းက မြန်မာ့ဒီမိုကရေစီနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်နစ်နာကြောင်း အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့ ထုတ်ပြန်
Published 11 October 2018
ဇော်မင်းနိုင်

မီဒီယာကို ဖိနှိပ်ထိန်းချုပ်ရန်အတွက် ခေတ်မမီတော့သည့် ဖိနှိပ်မှုဥပဒေကို ဆက်လက် အသုံးပြုနေခြင်းက မြန်မာ့ဒီမိုကရေစီ နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိခိုက်နစ်နာကြောင်း အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၁၀ ရက်က Eleven Media Group မှ အယ်ဒီတာချုပ်၊ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့ ပုဒ် ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရမှုအပြီးတွင် အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မီဒီယာကို ဖိနှိပ်ထိန်းချုပ်ရန်အတွက် ခေတ်မမီတော့သည့် ဖိနှိပ်မှုဥပဒေကို ဆက်လက် အသုံးပြုနေခြင်းက မြန်မာ့ဒီမိုကရေစီ နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်နစ်နာစေသည့် သက်ရောက်မှု ရှိနေကြောင်း၊ ယင်းကဲ့သို့ အရေးယူမှုများက မြန်မာနိုင်ငံ၌ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသေးကြောင်း သတင်းစကားပါးမှု ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့ (IFJ) က ထုတ်ပြန်သည်။ အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့ (IFJ) အဖွဲ့သည် နိုင်ငံပေါင်း ၁၄၀ ရှိ ဂျာနယ်လစ်ပေါင်း ၆၀၀၀၀၀ ကျော်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာမှာ ပိုမို တင်းကျပ်လာပြီး အဟန့်အတားများနှင့် ကြုံတွေ့နေရသည့် အခြေအနေတစ်ခု ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် သတင်းမီဒီယာသမားများက ပြောကြားသည်။

“လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ရေးသားပိုင်ခွင့်တို့ အဲဒီဟာတွေ အကုန်လုံးက လုံးဝမရှိတော့တဲ့အခြေအနေကို ရောက်သွားတာပေါ့။ အခုက အဲဒီလိုဟာတွေ ဆက်တိုက် ဖြစ်နေတာပေါ့။ တစ်လ တစ်ခုလောက်ကို ဖြစ်နေတာ”ဟု မြန်မာသံတော်ဆင့် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမျိုးညွန့်မောင်က ပြောကြားသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၈ မှုရှိပြီး တရားရင်ဆိုင်နေရသည့် သတင်းသမား ၄၄ ဦးအထိ ရှိလာကြောင်း အသံအဖွဲ့၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent