ယခင်လထက် အဝယ်လိုက်သော်လည်း မတ်ပဲတစ်တန် ကျပ် ၅၄၅၀၀၀၊ ပဲစင်းငုံနီတစ်တန် ကျပ် ၃၇၁၅၀၀ ဝန်းကျင်သာဆက်ရှိပြီး ဒီဇင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တန် ကျပ် ၇၀၀၀၀၊ ပဲစင်းငုံတစ်တန် ကျပ် ၄၀၀၀၀ ဝန်းကျင်မြင့်တက်

ယခင်လထက် အဝယ်လိုက်သော်လည်း မတ်ပဲတစ်တန် ကျပ် ၅၄၅၀၀၀၊ ပဲစင်းငုံနီတစ်တန် ကျပ် ၃၇၁၅၀၀ ဝန်းကျင်သာဆက်ရှိပြီး ဒီဇင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တန် ကျပ် ၇၀၀၀၀၊ ပဲစင်းငုံတစ်တန် ကျပ် ၄၀၀၀၀ ဝန်းကျင်မြင့်တက်
Published 20 December 2017

မန္တလေးမြို့ရှိ ပဲကုန်စည်ဒိုင်တွင် ပဲအမျိုးမျိုး ရောင်းဝယ်နေသည်ကို တွေ့ရစဉ်

ဈေးကွက်အတွင်း အဝယ်ပြန်လိုက်လာသော်လည်း မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၅၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၇၁၅၀၀ ဝန်းကျင်သာ ဆက်ရှိပြီး ဒီဇင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တန် ကျပ် ၇၄၀၀၀၊ ပဲစင်းငုံတစ်တန် ကျပ် ၄၃၅၀၀ အထိမြင့်တက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဒီဇင်ဘာ ပထမပတ်တွင် အိန္ဒိယအွန် လိုင်းကုန်စည် သတင်းအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်သော Commodity Online India Ltd (COIL) က အိန္ဒိယအစိုးအရ၏ ပဲတင်သွင်းမှု ကန့်သတ်ချက် ပယ်ဖျက်ချိန်တွင် အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ ပဲတန်ချိန် သုံးသိန်းမှ လေးသိန်းအထိ ဝယ်ယူရန် ကြိုတင်စာရင်း ပေးထားကြောင်း ဖော်ပြခဲ့ပြီး အဆိုပါသတင်းနှင့် အိန္ဒိယနိုင်ငံထွက် ပဲအားလုံးကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့် ပြုလိုက်သည့် သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲဈေးနှုန်းများ တက်ရိပ်ပြခဲ့ခြင်း ဖြစ်သည်။        အိန္ဒိယ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ကာလ ပြည့်မီရန် သုံးလကျော် လိုနေသေးသည့်အချိန်တွင် ယင်းသတင်း ထွက်ရှိလာမှုကြောင့် ပြည်တွင်းမတ်ပဲနှင့် ပဲဈေးငုံဈေးနှုန်းများသည် ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၁၂ ရက်တွင် အနည်းငယ်ပြန်ကျခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်နောက်ပိုင်း ဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၃၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၀၃၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၈၂၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၆၅၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၅၁၅၀၀၊ ပဲစင်းငုံနီ (RC) တစ် တန်လျှင် ကျပ် ၄၇၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၂ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၆၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၅၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၇၅၀၀၀ တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင် ပြန်ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဈေးကွက်အတွင်း အဝယ်ပြန်လိုက်လာသောကြောင့် ဒီဇင်ဘာ ၁၉ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၅၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၈၅၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၇၁၅၀၀ အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၆၉၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ်၄၅၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၄၁၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

“ဒီဇင်ဘာ ၁၆ က မတ်ပဲက ၅၆၀၀၀၀ အထိ ပဲစင်းငုံက ၃၇၈၀၀၀ အထိ တက်ပြီး အခု ပြန်ကျလာတာပါ။ ဒီဇင်ဘာ ၅ ရက်ကစပြီး အတက်ပြလာပေမယ့် ကြားထဲမှာ နည်းနည်းစီ ပြန်ကျတော့ ဆက်တိုက်အတက်တော့ မဖြစ်သေးဘူး။ အိန္ဒိယ ကန့်သတ်ချက်အချိန် ကုန်ခါနီးအထိ တဖြည်းဖြည်း တက်မယ်လို့ မျှော်မှန်းပါတယ်” ဟု ပဲကုန်သည် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်မှ ၉ ရက် အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် မတ်ပဲ ၅၀၆၉ တန်၊ ပဲစင်းငုံ ၁၈၃၆ တန်၊ ပဲ တီစိမ်း ၁၂၅၈ တန်၊ ကုလားပဲ ၂၅၈ တန်၊ ပဲလွန်းဖြူ ၄၈ တန်၊ မြေထောက်ပဲ ရှစ်တန်တင် ပို့ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent