မြဝတီနယ်စပ် မော်တော်ယာဉ် တင်သွင်းမှု လျော့နည်းလာသည်နှင့်အမျှ ယခင်နှစ် ကုန်သွယ်မှုထက် လျော့ကျလာပြီး အောက်တိုဘာ ၂၀ ရက်အထိ ကုန်သွယ်မှုမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၂ ဒသမ ၄၆၉ သန်း လျော့ကျသွားကြောင်း သိရ

မြဝတီနယ်စပ် မော်တော်ယာဉ် တင်သွင်းမှု လျော့နည်းလာသည်နှင့်အမျှ ယခင်နှစ် ကုန်သွယ်မှုထက် လျော့ကျလာပြီး အောက်တိုဘာ ၂၀ ရက်အထိ ကုန်သွယ်မှုမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၂ ဒသမ ၄၆၉ သန်း လျော့ကျသွားကြောင်း သိရ
Published 29 October 2017

မြဝတီနယ်စပ်ဂိတ်အား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုပမာဏမှာ မော်တော်ယာဉ် တင်သွင်းမှု လျော့နည်းလာသည်နှင့်အမျှ ယခင်နှစ် ကုန်သွယ်မှုထက် လျော့ကျလာပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၆၉ သန်း လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ဝယ်ရေး ဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သစ်တွင် ထိုင်းနိုင်ငံဘက်သို့ ပို့ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၁၉၅ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူက ဒေါ်လာ ၃၁ ဒသမ ၈၈၆ သန်း တင်ပို့ခဲ့သည့် ပမာဏနှင့် နိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၀၉ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ပို့ကုန်အဖြစ် ရေလုပ်ငန်းထွက်ကုန် ငါး၊ ပုစွန်၊ ကဏန်းများကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့သလို လယ်ယာထွက်ကုန်၊ ကြက်သွန်၊ နှမ်း၊ နနွင်းနှင့် ပရဆေးများ တင်ပို့လျက် ရှိသည်။ သို့သော်လည်း ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် နိုင်ငံသား အကျိုးစီးပွား ကာကွယ်မှုအဖြစ် ရာသီထွက်ကုန်နှင့် အချိန်တိုက်ဆိုင်နေလျှင် တင်ပို့ခွင့် မရရှိကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံဘက်သို့ သွင်းကုန်တင်သွင်းမှုမှာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၁ ဒသမ ၂၉၇ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ် ကုန်သွယ်ခဲ့သည့် ပမာဏဒေါ်လာ ၄၆၈ ဒသမ ၀၇၅ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၆ ဒသမ ၇၇၈ သန်း လျော့ကျသွားကြောင်း သိရသည်။

မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နှင့် စက်ယန္တရားများ၊ လယ်ယာသုံးပစ္စည်းများ၊ စက်သုံးဆီများ ဓာတ်ငွေ့ရည်များ မော်တော်ဆိုင်ကယ်များ၊ တင်သွင်းလျက် ရှိသလို မိုးရာသီ လယ်ယာလုပ်ငန်းခွင်သုံး ဓာတ်မြေသြဇာများ၊ သံ၊ သွပ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ၊ အဝတ်အထည်၊ ပလတ်စတစ် လူသုံးကုန်များ၊ သစ်သီးမျိုးစုံ တင်သွင်းလျက် ရှိသလို သကြားများကို Re-export အဖြစ် မြဝတီနယ်စပ်မှတစ်ဆင့် တင်သွင်းပြီး တရုပ်ဈေးကွက်သို့ တင်ပို့လျက် ရှိသည်။

မြဝတီနယ်စပ် ကုန်သည်တစ်ဦးက “ကုန်သွယ်မှု လေ ျာ့ကျလာတာ အချက် နှစ်ချက် ရှိနိုင်ပါတယ်။ တစ်ခုကတော့ မော်တော်ယာဉ် တင်သွင်းမှု လျော့နည်းလာတာရယ်၊ နွေရာသီ ရောက်လာတာရယ်ကြောင့်ပါ။ ချစ်ကြည်ရေး တံတားမှာ ကြည့်ရင် ထိုင်းကုန်ကားတွေ အများအပြား ဝင်ရောက်လာတယ်လို့ ထင်ရပေမဲ့ ၂၇ ဂိတ်သော ဘေးပေါက်တွေက ဝင်တာ များပါတယ်။ နွေရာသီရောက်တော့ ဇုန်ရှောင်ကွင်းလမ်းတွေက သာသာယာယာ ရှိလာတာပေါ့” ဟု ဆိုသည်။

မြဝတီနယ်စပ်မှ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲအဖြစ် Vigo တစ်ခန်းခွဲတွေကို နယ်စပ်ကတင်သွင်းမှု ရပ်ဆိုင်းလိုက်တည်းက တရားဝင် ကားတင်သွင်းမှု တဖြည်းဖြည်း လျော့နည်းလာပြီး ၂၀၁၇ မူဝါဒ အပြောင်းအလဲမှာ ကုန်တင်ယာဉ်အုပ်စုကို ဘယ်ညာမခွဲ တင်သွင်းခွင့် ရှိခဲ့၍ စက်ယန္တရားများနှင့် ကုန်တင်ယာဉ် အုပ်စု အနည်းငယ် တင်သွင်းလျက် ရှိသည်။

ယခုတဖန် ၂၀၁၈ ခုနှစ် မူဝါဒ အပြောင်းအလဲကြောင့် လူစီးမော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ (Mini bus; City Bus; Express Bus) များအား ဘယ်မောင်းများသာ တင်သွင်းခွင့် ရရှိတော့မည် ဖြစ်သလို အခွန်တိုးမြှင့် သတ်မှတ်ချက်များကြောင့် နယ်စပ်မှ ကားတင်သွင်းမှု ရပ်ဆိုင်းသွားမည်ဟု ဆိုသည်။

Most Read

Most Recent