ရက်ပ်ပါ Drake နှင့်ဓာတ်ပုံတွဲမရိုက်ရန် ကစားသမားများကို ရိုးမားအသင်း ပိတ်ပင်

ရက်ပ်ပါ Drake နှင့်ဓာတ်ပုံတွဲမရိုက်ရန် ကစားသမားများကို ရိုးမားအသင်း ပိတ်ပင်
Photos : Twitter
Photos : Twitter
Published 16 April 2019

စီးရီးအေထိပ်သီးကလပ် ရိုးမားအသင်းသည် အသင်းရှိကစားသမားများကို ရာသီကုန်အထိ ရက်ပ်ပါ Drake နှင့် ဓာတ်ပုံတွဲမရိုက်ရန် တားမြစ်ကြောင်း အသင်း၏ Twitter စာမျက်နှာတွင် တင်ရှိခဲ့သည်။

Drake နှင့်ဓာတ်ပုံတွဲရိုက်သည့် ဘောလုံးသမားများ၏အသင်းများသည် အနီးစပ်ဆုံးကစားသည့်ပွဲများတွင် တိုက်တိုက်ဆိုင်ဆိုင် အရေးနိမ့်ခဲ့သဖြင့် ကျော်ကြားနေသူတစ်ဦးလည်းဖြစ်သည်။

ဆန်ချို၊ အူဘာမီယန်း၊ အဂွဲရိုးတို့မှာ Drake နှင့်ဓာတ်ပုံတွဲရိုက်ပြီးနောက် ၎င်းတို့အသင်းများဖြစ်သည့် ဆန်ချို၏ဒေါ့မွန်အသင်းက ဘိုင်ယန်ကို (၅)ဂိုးပြတ်အရှုံး၊ အူဘာမီယန်း၏အာဆင်နယ်အသင်းက အဲဗာတန်ကို အဝေးကွင်းတွင်ရှုံး၊ အဂွဲရိုး၏မန်စီးတီးအသင်းက စပါးအသင်းကို ချန်ပီယံလိဂ်တွင်ရှုံး စသည့် အဖြစ်အပျက်များနှင့်ကြုံတွေ့ခဲ့ရသည်။

ယခုနောက်ဆုံး ရလဒ်ဆိုးနှင့်ကြုံတွေ့ထားသူမှာ PSGနောက်ခံလူ ကာဇာဝါ ဖြစ်ပြီး သူ၏အသင်းမှာ သရေတစ်မှတ်ရရုံဖြင့် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သော်လည်း လိုင်လီကို (၁-၅)ဂိုးဖြင့် ဂိုးပြတ်ရှုံးကာ (၁၉)နှစ်အတွင်း အမှတ်ပေးရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။

အခြားအားကစားနည်းများထဲမှ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလျံ၊ MMA အားကစားသမား မက်ဂရီဂေါ်၊ NBA ကလပ် မိုင်ယာမီဟိသ်အသင်းတို့မှာ Drake နှင့် ဓာတ်ပုံတွဲရိုက်ပြီးနောက် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရဖူးကြောင်း သိရသည်။