လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် မန်ယူဂိုးသမား ဒီဟေးယား၏ ပရီးမီးယားလိဂ် Clean Sheet စံချိန်ကို လိုက်မီ

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် မန်ယူဂိုးသမား ဒီဟေးယား၏ ပရီးမီးယားလိဂ် Clean Sheet စံချိန်ကို လိုက်မီ
Photo: Reuters
Photo: Reuters
Published 15 April 2019

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်သည် မန်ယူဂိုးသမား ဒီဟေးယား တင်ရှိထားသော ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း Clean Sheet (၁၈)ပွဲ ရရှိသည့်စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရှိရသည်။

ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီတွင် မန်ယူအသင်းအတွက် Clean Sheet (၁၈)ပွဲ ရယူပေးကာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ယခု အယ်လစ်ဆန်က လက်ကျန်(၄)ပွဲအလိုတွင် ယင်းစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဂိုးသမားများထဲတွင် တစ်ရာသီအတွင်း Clean Sheet အများဆုံးအဖြစ် စံချိန်တင်ထားသူမှာ ၂၀၀၄-၀၅ ရာသီက ချယ်လ်ဆီးအသင်းအတွက် (၂၄)ပွဲ ရယူပေးခဲ့သည့် ပီတာချက်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် အယ်လစ်ဆန်သည် ပီတာချက်၏ စံချိန်ကို လိုက်မီရန် မဖြစ်နိုင်တော့သော်လည်း ၂၀၀၈-၀၉ ရာသီက မန်ယူဂိုးသမား ဗန်ဒါးဆား၏ (၂၁)ပွဲစံချိန်ကိုမူ ကျော်ဖြတ်နိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အယ်လစ်ဆန်က Clean Sheet (၁၈)ပွဲဖြင့် ဦးဆောင်နေသော်လည်း မန်စီးတီးဂိုးသမား အီဒါဆန်မှာလည်း (၁၆)ပွဲ ရရှိထားသည့်အတွက် ရွှေလက်အိတ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ စောင့်ကြည့်ရမည့်အခြေအနေ ရှိနေဆဲဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Clean Sheet အများဆုံးရရှိသည့်ဂိုးသမားများအား ရွှေလက်အိတ်ဆုကို ၂၀၀၄-၀၅ ရာသီတွင် စတင်ချီးမြှင့်ခဲ့ပြီး ပီတာချက်နှင့် မန်စီးတီးဂိုးသမားဟောင်း ဂျိုးဟတ်တို့က (၄)ကြိမ်စီဖြင့် အများဆုံးရရှိသောဂိုးသမားများအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရှိရသည်။

Most Read

Most Recent