ချယ်လ်ဆီးနှင့်ပွဲမတိုင်မီ ဟာဇက်ကို ကလော့ပ် ချီးကျူးစကားဆို

ချယ်လ်ဆီးနှင့်ပွဲမတိုင်မီ ဟာဇက်ကို ကလော့ပ် ချီးကျူးစကားဆို
Photo: Getty Images
Photo: Getty Images
Published 14 April 2019

လီဗာပူးလ်အသင်းနည်းပြကလော့ပ်က ဟာဇက်မှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး မိမိအနေဖြင့် ဟာဇက်၏ ကစားပုံကို နှစ်သက်ကြောင်းပြောကြားခဲ့သည်။

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

လီဗာပူးလ်နှင့် ချယ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယနေ့ (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁ဝးဝ၀ နာရီ)တွင် အန််ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းနည်းပြကလော့ပ်က ဟာဇက်မှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး မိမိအနေဖြင့် ဟာဇက်၏ ကစားပုံကို နှစ်သက်ကြောင်းပြောကြားခဲ့သည်။

 

ကလော့ပ်က “ ဟာဇက်ဟာ အလွန်ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်သူလည်းဖြစ်ပါတယ်။ သူဟာ အရမ်းတောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ့ဆီမှာ ကျွန်တော်နှစ်သက်တဲ့ အရည်အချင်းတွေအများကြီးရှိပါတယ်။ ဟာဇက်က မြန်တယ်။ သန်မာတယ်။ ဘောလုံးကို ပျော်ပျော်ကစားတတ်တယ်။ သူဟာ တကယ်ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနေ့ ကစားမယ့်ပွဲမှာတော့ ဟာဇက်ကို သူ့ရဲ့စွမ်းရည်တွေ ထုုတ်ပြခွင့်မရအောင် ကျွန််တော်တို့ ကြိုးစားကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် ကလော့ပ်က ချယ်လ်ဆီးအသင်းကို ရင်ဆိုုင်ကစားရန် မိမိတို့အနေဖြင့် ကစားသမား (၁၃)ဦးလိုကြောင်းနှင့် (၂)ဦးမှာ ဟာဇက်ကို လူကပ်ကစားရန်ဖြစ်ကြောင်း နောက်ပြောင်ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်းဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၁၉)ဂိုးသွင်းယူထားသလို ပရီးမီးယားလိဂ် (၃၂)ပွဲတွင် (၁၆)ဂိုးအထိ သွင်််းယူပေးထားသည်။