ကားမတော်တဆမှုဖြင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ ဆေးရုံတက်ခဲ့ရ

ကားမတော်တဆမှုဖြင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ ဆေးရုံတက်ခဲ့ရ
Photo: ESPN
Photo: ESPN
Published 9 April 2019

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီသည် ကားမတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။

အသက် (၄၀) နှစ်အရွယ်ရှိ စကာလိုနီသည် စပိန်နိုင်ငံ၊ မာယော့ကာမြို့တွင် ဒေသစံတော်ချိန် နံနက် (၁၀:၀၀) နာရီခန့်တွင် စက်ဘီးစီးနေစဉ် ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ကားတိုက်ရာတွင် စကာလိုနီသည် မြေပြင်ပေါ်သို့ ဦးခေါင်းဖြင့်အရင်ပြုတ်ကျခဲ့ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

စကာလိုနီ၏ ဒဏ်ရာမှာပြင်းထန်သည်ဟု  ကနဦးက ဖော်ပြခဲ့ကြသော်လည်း ဆရာဝန်များ စစ်ဆေးပြီးနောက် စကာလိုနီမှာ ဆေးရုံမှ ပြန်ဆင်းလာပြီဖြစ်ပြီး ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

အာဂျင်တီးနားအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နည်းပြ ဆမ်ပါအိုလီကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး စကာလိုနီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကာ ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာ (၂၉) ရက်နေ့က အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent