အိန္ဒိယကို အကြိတ်အနယ်ကစားကာ သရေကျခဲ့သော်လည်း တတိယအဆင့်သို့  မြန်မာအမျိုးသမီးအသင်းတက်ရောက်နိုင်ခဲ့

အိန္ဒိယကို အကြိတ်အနယ်ကစားကာ သရေကျခဲ့သော်လည်း တတိယအဆင့်သို့  မြန်မာအမျိုးသမီးအသင်းတက်ရောက်နိုင်ခဲ့
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 9 April 2019



၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုနောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး သရေကျခဲ့သော်လည်း ဂိုးကွာခြားချက်အရ တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ 

 



မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့သည် ဧပြီလ(၉)ရက်နေ့ ညနေ(၃)နာရီခွဲတွင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး (၃-၃)ရလဒ်ဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအမျိုးသမီးအသင်းသည် မြန်မာအသင်းကို ဦးဆောင်ဂိုးစတင်

သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက နောက်မှလိုက်ကစားကာ ပြန်လည်ချေပခဲ့ခြင်းဖြစ်သည်။

 



မြန်မာအမျိုးသမီးအသင်းအတွက် ဂိုးများကို  တိုက်စစ်မှူး ဝင်းသိင်္ဂ ီထွန်းက ဟက်ထရစ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။မြန်မာအမျိုးသမီးအသင်းသည် အုပ်စုတွင်းရလဒ်များအဖြစ် နီပေါကို(၃-၁)ဂိုးဖြင့်လည်းကောင်း၊အင်ဒိုနီးရှားအသင်းကို (၆-၀)ဂိုးဖြင့်လည်းကောင်း အနိုင်ရခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိန္ဒိယအသင်းကို(၃-၃)ဂိုးဖြင့် သရေကစားကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။  

 

 

 

ထို့ပြင် မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၀ အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲမှ တတိယအဆင့်ခြေစစ်ပွဲအဆင့်သို့ အစောဆုံးတက်ရောက်နိုင်ခဲ့သောအသင်းလည်းဖြစ်ခဲ့သည်။

 

 

 

Most Read

Most Recent