၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ်ရာထူးမှ အနားယူမည်ဟု ရူမင်နစ်ဂီကြေညာခဲ့ပြီး အိုလီဗာခန်း အစားဝင်မည်

၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ်ရာထူးမှ အနားယူမည်ဟု ရူမင်နစ်ဂီကြေညာခဲ့ပြီး အိုလီဗာခန်း အစားဝင်မည်
Photos: Getty Images
Photos: Getty Images
Published 9 April 2019

 

ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ကားလ်ဟိန့်ဇ်ရူမင်နစ်ဂီက (၂၀၂၁)ခုနှစ်တွင် လက်ရှိရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်း၏ နေရာတွင် အသင်း၏ ဂန္ထဝင်ဂိုးသမားဟောင်း တစ်ဦးဖြစ်သည့် အိုလီဗာခန်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အဲ့ဒီအချိန်က ကျွန်တော့်အတွက် အနားယူသင့်တဲ့ အချိန်ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော် ဒီ ရာထူးမှာ နှစ်ပေါင်း (၂၀)လောက် တာဝန်ယူဆောင်ရွက်ခဲ့ပြီးပါပြီ" ဟု ရူမင်နစ်ဂီက Sky Sports သို့ ပြောကြားခဲ့သည်။

၎င်းက သူ၏နေရာတွင် အိုလီဗာခန်းက အစားဝင်မည်ဆိုသည့် သတင်းကိုလည်း အတည်ပြုသွားခဲ့ပြီး အိုလီဗာခန်း၏ ခေါင်းဆောင်မှုစွမ်းရည်က ယင်းရာထူးနှင့်သင့်လျော်သည်ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။ သူသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ရာထူးအတွက် သက်တမ်းတိုးခဲ့စဉ်ကတည်းက အိုလီဗာခန်းအား သူနှင့် နီးစပ်သည့်နေရာကို ခေါ်ထားကာ လုပ်ငန်းသဘောသဘာဝများကို စတင်ထိတွေ့ပေးခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

အိုလီဗာခန်းသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၄)နှစ်ကြာကစားပေးခဲ့ပြီး ယင်းကာလအတွင်း ဘွန်ဒစ်လီဂါချန်ပီယံဆု (၈)ကြိမ်အပါအဝင် ဂျာမန်ဖလားအောင်မြင်မှုများနှင့် ချန်ပီယံလိဂ်အောင်မြင်မှုတို့ကို ရယူနိုင်ခဲ့သူဖြစ်သည်။ သူသည် မကြာသေးမီက ဂျာမန်ရုပ်သံ ZDF အား ယင်းရာထူးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ဆဲဖြစ်သည်ဟု ဆိုခဲ့သော်လည်း ယခုအခါ ရူမင်နစ်ဂီက အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent