ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo : Sky Sports
Photo : Sky Sports
Published 9 April 2019



စပါး နှင့် မန်စီးတီး ( ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) 

    All-English  ပွဲစဉ်အဖြစ်ကစားရမယ့် နှစ်ပွဲအပြင်၊ ဒီနှစ်သင်းက ပရီးမီးယားလိဂ်ပွဲစဉ်လည်း ကစားရဦးမှာဖြစ်လို့ နှစ်ပတ်အတွင်းမှာ (၃)ပွဲကစားရမယ့်အခြေအနေဖြစ်တယ်။ မန်စီးတီးအသင်းအနေနဲ့ ဒီပွဲအတွက် ပိုမိုရေပန်းစားတဲ့အသင်းဖြစ် နေပေမယ့်စပါးအသင်းဟာမထင်မှတ်တာတွေလုပ်ပြနိုင်တဲ့အသင်းဖြစ်တယ်ဆိုတာကိုတော့ သတိပြုရမယ်။ စပါးကို မနှစ်က နှစ်ကျော့စလုံးနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း အဝေးကွင်းမှာ အနိုင်ရထားတယ်။ တစ်ဦးချင်းရော၊ အသင်းလိုက်စုဖွဲ့မှုပါ မန်စီးတီးက ပိုကောင်းတယ်လို့လည်းပြောနိုင်တယ်။ ဒါပေမဲ့ ရှုံးထွက်လို ပွဲမျိုးတွေဟာ အန္တရာယ်ကြီးပြီး မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်တတ်တယ်။ ဒေါ့မွန်ကိုကစားခဲ့တဲ့ စပါးရဲ့ ခြေစွမ်းဟာ မန်စီးတီးကိုလည်း ဒုက္ခပေးဖို့အသင့်ပါပဲ။ ဒါ့အပြင် မန်စီးတီး ခံစစ်ကို ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်အင်အားလည်း စပါးမှာရှိပါတယ်။ ဒီပွဲက စပါးရဲ့ကွင်းသစ်ကြီးမှာ ပထမဆုံးကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး မန်စီးတီး အလွန်ဆုံးသရေလောက်ပဲ ရနိုင်တယ်။ 

လီဗာပူးလ် နှင့် ပေါ်တို ( ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) 

    ဘိုင်ယန်မြူးနစ်အသင်းရဲ့ကွင်းမှာ ကစားပြခဲ့တဲ့ ခြေစွမ်းနဲ့အတူ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဒီပွဲမှာလည်း အောင်ပွဲခံဖို့ အသင့်ဖြစ်နေကြလိမ့်မယ်။ လီဗာပူးလ်နဲ့ ပေါ်တိုတို့က ဒီဘက်နှစ်တွေမှာ ချန်ပီယံလိဂ်မှာ ဆုံတွေ့လေ့ရှိပါတယ်။ မနှစ်က ပေါ် တိုကွင်းမှာ (၅)ဂိုးပြတ်သွင်းခဲ့ဖူးတာက ပူပူနွေးနွေးပဲရှိသေးပြီး လီဗာပူးလ်ကို ဒီပွဲအတွက် ယုံကြည်မှုတွေပေးလိမ့်မယ်။ ဖေမီနိုအားကိုးနေရပြီး ဆာလာလည်း ချန်ပီယံလိဂ်အမီ ပုံစံကောင်းပြန်ရလာ တာတွေ့ရတယ်။ ပေါ်တိုက လီဗာပူးလ်နဲ့တွေ့ရင် အစဉ်အလာပိုင်းမှာကိုက အားနည်းလွန်းပြီး စိတ်ပိုင်းဆိုင်ရာအနိမ့်ပိုင်းရောက်နေတဲ့အသင်းပါ။ လီဗာပူးလ် (၃-၁)လောက်ဖြစ်မယ်။ 

Most Read

Most Recent