(၃)ပွဲဆက်အနိုင်ရလဒ်နဲ့ တတိယနေရာရောက်လာတဲ့ ချယ်လ်ဆီး

(၃)ပွဲဆက်အနိုင်ရလဒ်နဲ့ တတိယနေရာရောက်လာတဲ့ ချယ်လ်ဆီး
Photo : AFP
Photo : AFP
Published 9 April 2019

ချယ်လ်ဆီး ၂-၀ ဝက်စ်ဟမ်း

ချယ်လ်ဆီးနည်းပြ ဆာရီက တောင်ပံတိုက်စစ်နေရာမှာ ဘရိုက်တန်နဲ့ပွဲကအသုံးပြု ခဲ့တဲ့ အိုဒွိုင်းကိုပဲ ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာလည်း လော့ဖ်တပ်ချိခ်ကို ကွန်တေ၊ ဂျော်ဂျင်ဟိုတို့နဲ့ တွဲဖက်စေခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားက ဟာဇက်ဖြစ်ပြီး ဝက်စ်ဟမ်းနောက်တန်းကို စိတ်ကြိုက်မွှေနှောက်ကစားသွားသလို သူသွင်းခဲ့တဲ့ ပထမဂိုးကလည်း တစ်ဦးချင်းစွမ်းရည်နဲ့ သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးတွေထဲက အကောင်းဆုံးသွင်းဂိုးတစ်ဂိုးလို့လည်း ဆိုနိုင်ပါတယ်။

ညတောင်ပံမှာ ထွက်ကစားတဲ့ အိုဒွိုင်းကတော့ ပထမပွဲကလိုပဲ အထင်ကြီးစရာခြေစွမ်းတော့ မပြနိုင်သေးပါဘူး။

ဝက်စ်ဟမ်းအသင်းက ပထမပိုင်းမှာ ချယ်လ်ဆီးကို ဘယ်လိုမှ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။

ခြေစွမ်းပျောက်ဆုံးနေတဲ့ ဟာနန်ဒက်ဇ်နေရာကို တောင်ပံကစားသမား ဆနော့ဂရက်စ်ဝင်လာပြီးနောက် ဝက်စ်ဟမ်းရဲ့ တောင်ပံတိုက်စစ်တွေက အသက်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ တိုက်စစ်မှူး အာနော်တိုဗစ်နဲ့ ကွင်းလယ်လူ လန်ဇီနီတို့  အသုံးမချနိုင်ခဲ့လို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ (၂၄၊ ၉၀) မိနစ်တွေမှာ ဟာဇက်က (၂) ဂိုးစလုံး သွင်းယူသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်း တတိယနေရာကို ရောက်လာခဲ့ပါတယ်။

စီးရီးအေ ပွဲကျန်ရလဒ်

ဘိုလော့ဂ်နာ ၃- ၀ ချီယေဗို

Most Read

Most Recent