ချန်ပီယံလိဂ်တွင် အဝေးကွင်း၌ ဂိုးမိုးခေါင်နေခြင်းကို အိုးလ်ထရက်ဖို့ဒ်တွင် အဆုံးသတ်နိုင်ရန် ဆွာရက်ဇ် မျှော်လင့်

ချန်ပီယံလိဂ်တွင် အဝေးကွင်း၌ ဂိုးမိုးခေါင်နေခြင်းကို အိုးလ်ထရက်ဖို့ဒ်တွင် အဆုံးသတ်နိုင်ရန် ဆွာရက်ဇ် မျှော်လင့်
Photo: AS
Photo: AS
Published 8 April 2019

ဘာစီလိုနာအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အဝေးကွင်း၌ ဂိုးမသွင်းယူနိုင်ခဲ့သည်မှာ (၃)နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး ယင်းကဲ့သို့ ဂိုးမိုးခေါင်နေခြင်းကို လာမည့်အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

ဆွာရက်ဇ်သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့သော ရိုးမား ၁-၁ ဘာစီလိုနာပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း အဝေးကွင်း၌ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ယင်းပွဲနောက်ပိုင်းတွင် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းပွဲ (၁၈)ပွဲ ကစားခဲ့ပြီး စုစုပေါင်း(၁၉)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အပြင် ပြိုင်ဘက်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းယူသည်မှာ (၁)ဂိုးပါဝင်ခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် တစ်ပွဲ(၁)ဂိုးနှုန်းသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ဆွာရက်ဇ်က အဝေးကွင်းတွင် ဂိုးမိုးခေါင်နေခြင်းကို အမြန်ဆုံးရပ်တန့်ပစ်နိုင်ရန် ဆန္ဒရှိနေပြီး လီဗာပူးလ်တွင် ကစားစဉ်က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် မန်ယူအသင်းကို ဂိုးသွင်းယူခဲ့ဖူးခြင်းကြောင့် လာမည့်ပွဲကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူနှင့် ဘာစီလိုနာအသင်းတို့၏ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီလ(၁၀)ရက်နေ့ည မြန်မာစံတော်ချိန် (၁း၃၀)နာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent