ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လိမ့်မည်ဟု အီတလီသတင်းစာ ဖော်ပြ

ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လိမ့်မည်ဟု အီတလီသတင်းစာ ဖော်ပြ
Photo: EFE
Photo: EFE
Published 8 April 2019

ဘာစီလိုနာအသင်းမှ ခရိုအေးရှားကွင်းလယ်ကစားသမား ရာကီတစ်သည် လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လိမ့်မည်ဟု အီတလီသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့သည်။

ရာကီတစ်(၃၁ နှစ်)သည် အေဂျက်စ်ကွင်းလယ်လူ ဒီယွန်း ရောက်ရှိလာလျှင် နေရာပျောက်ဖွယ်ရှိနေသည့်အတွက် အသင်းပြောင်းရွှေ့ရန် လိုလားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းကလည်း ခီဒီရာနှင့် လမ်းခွဲရန် နီးစပ်နေ၍ ရာကီတစ်ကို ခေါ်ယူလိုကြောင်း ဆက်သွယ်ခဲ့ရာ ရာကီတစ်က လက်ခံသည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူကမူ ''ရာကီတစ်ဟာ ဘာစီလိုနာအသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ နည်းပြကလည်း သူ့ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ သူရောက်လာကတည်းက ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ဟာ ပိုလန်းဆန်းသွားတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လစာငွေေပေးချေရမှုကိုတော့ သတိထားကိုင်တွယ်သွားရမှာပါ။ ရာသီကုန်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းမှ ထွက်ခွာရန် နီးစပ်နေသည့် ရာကီတစ်ကို ဂျူဗင်တပ်စ်အသင်းအပြင် အင်တာမီလန်အသင်းကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။

Most Read

Most Recent