ဇွွန်လတွင် ယှဉ်ပြိုင်မည့် ယူနီဆက်ဖ်ရန်ပုံငွေပွဲ၌ ဂျိုးကိုးလ်နှင့် ဒရော့ဘာတို့ ပါဝင်ကစားမည်

ဇွွန်လတွင် ယှဉ်ပြိုင်မည့် ယူနီဆက်ဖ်ရန်ပုံငွေပွဲ၌ ဂျိုးကိုးလ်နှင့် ဒရော့ဘာတို့ ပါဝင်ကစားမည်
Photo: Unicef
Photo: Unicef
Published 8 April 2019

လာမည့် ဇွန်လ(၁၆)ရက်နေ့တွင် ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်မည့် ယူနီဆက်ဖ်ရန်ပုံငွေပွဲတွင် ချယ်လ်ဆီးကစားသမားဟောင်းများဖြစ်သည့် ဂျိုးကိုးလ်နှင့် ဒရော့ဘာတို့ ပါဝင်ကစားမည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ဂျိုးကိုးလ်နှင့် ဒရော့ဘာတို့သည် တစ်သင်းတည်းတွင် ပါဝင်ကစားမည်မဟုတ်ဘဲ ဂျိုးကိုးလ်က England XI အသင်းတွင်လည်းကောင်း၊ ဒရော့ဘာက World XI အသင်းတွင်လည်းကောင်း ပါဝင်ကစားသွားမည်ဖြစ်သည်။

အသက်(၃၇)နှစ်ရှိပြီဖြစ်သည့် ဂျိုးကိုးလ်သည် ပြီးခဲ့သည့်နှစ်က ဘောလုံးကစားခြင်းမှ အနားယူခဲ့သူဖြစ်ပြီး ယခုရန်ပုံငွေပွဲတွင် ပါဝင်မည်ဟု နောက်ဆုံးအတည်ပြုလိုက်သူလည်းဖြစ်သည်။

ဂျိုးကိုးလ်က ''စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲ ပြန်ဝင်ရမှာကို ကျွန်တော် မစောင့်နိုင်တော့အောင် ဖြစ်နေမိပါတယ်။ ကျွန်တော့်ရဲ့အသင်းဖော်ဟောင်းတွေနဲ့ အတူတွဲကစားရမှာ၊ ပြိုင်ဘက်အဖြစ် ရင်ဆိုင်သွားရမှာနဲ့ အင်္ဂလန်အသင်းဝတ်စုံကို ပြန်လည်ဝတ်ဆင်ရမှာအတွက် စိတ်လှုပ်ရှားနေမိပါတယ်'' ဟုပြောကြားခဲ့သည်။

အဆိုပါရန်ပုံငွေပွဲတွင် England XI အသင်းကို ဆမ်အလာဒိုက်စ်က နည်းပြအဖြစ် ကိုင်တွယ်သွားမည်ဖြစ်ပြီး World XI အသင်းကို ပီယာ့စ်မော်ဂန်နှင့် ဟယ်ရီရက်နက်ပ်တို့က ပူးတွဲကိုင်တွယ်သွားမည်ဟု သိရှိရသည်။

ယင်းပွဲတွင် ချယ်လ်ဆီးနောက်ခံလူဟောင်း ကာဗယ်လ်ဟို၊ နာမည်ကျော်အပြေးသမား ယူစိန်ဘော့တို့လည်း ပါဝင်ကစားမည်ဖြစ်ပြီး ရရှိသည့်ရန်ပုံငွေများကို ကမ္ဘာတစ်ဝှမ်းမှ အကူအညီလိုအပ်နေသော ကလေးငယ်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။

 

Most Read

Most Recent