ဂတ်တူဆိုနေရာတွင် အစားထိုးရန် ပိုချက်တီနိုနှင့် အမ်မရီတို့ကို အေစီမီလန်အသင်း ပစ်မှတ်ထား

ဂတ်တူဆိုနေရာတွင် အစားထိုးရန် ပိုချက်တီနိုနှင့် အမ်မရီတို့ကို အေစီမီလန်အသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 7 April 2019

အေစီမီလန်အသင်းသည် စပါးအသင်းနည်းပြ ပိုချက်တီနိုကို ဦးစားပေးပစ်မှတ်ထားနေခြင်းဖြစ်ပြီး ၄င်းကိုခေါ်ယူရန်အဆင်မပြေပါက အမ်မရီကို ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။

 

အေစီမီလန်အသင်းသည် လာမည့်ရာသီတွင် အသင်းနည်းပြ ဂတ်တူဆိုအား ရာထူးမှထုတ်ပယ်ပြီး ၎င်းနေရာတွင် အစားထိုးရန် စပါးနည်းပြပိုချက်တီနိုနှင့် အာဆင်နယ်နည်းပြ အမ်မရီတို့ကိုပစ်မှတ်ထားနေကြောင်းသိရသည်။

အီတလီအားကစားသတင်းစာ Gazzetta dello Sport ၏ဖော်ပြချက်အရ လက်ရှိအေစီမီလန်အသင်းနည်းပြ ဂတ်တူဆိုမှာ အသင်း၏အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုနှင့် အဆင်မပြေဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လျှင်ပင် ယခုရာသီကုန်တွင် ဂတ်တူဆိုအားရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေကြောင်း သိရသည်။

အေစီမီလန်အသင်းသည် စပါးအသင်းနည်းပြ ပိုချက်တီနိုကို ဦးစားပေးပစ်မှတ်ထားနေခြင်းဖြစ်ပြီး ၄င်းကိုခေါ်ယူရန်အဆင်မပြေပါက အမ်မရီကို ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် ၂၀၁၉ ခုနှစ်ဇန်နဝါရီက အာဆင်နယ်အသင်းအမှုဆောင်ဟောင်း ဂါဇီဒစ်ကို အသင်း၏အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဂါဇီဒစ်သည် အာဆင်နယ်အသင်းအတွက် အမ်မရီကို ခေါ်ယူပေးခဲ့သူဖြစ်ပြီး ယခုအခါ ၄င်းကိုအသုံးချကာ အေစီမီလန်အသင်းက အမ်မရီကို နည်းပြအဖြစ်ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း Gazzetta dello Sport ကဖော်ပြခဲ့သည်။

Most Recent