စပိန်လာလီဂါပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်
Published 6 April 2019

ဟီရိုနာ - အက်စ်ပန်ညို (စနေညနေ ၅း၃၀ နာရီ) 

အက်စ်ပန်ညို အသင်းလိုက်ကစားပုံမဆိုးလှပေမယ့် တိုက် စစ်ပိုင်းအားနည်းနေသလိုပဲ။ အခုပွဲကလည်း ကတ်တလန်ပြိုင် ဘက်ချင်းအားပြိုင်ရမယ့်ပွဲမျိုးဆိုတော့ အဝေးကွင်းခြေစွမ်းပုံမှန် မရှိတဲ့ အက်စ်ပန်ညိုထက် ဟီရိုနာနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ရီးယဲလ်မက်ဒရစ် - အီဘာ (စနေည ၈း၄၅ နာရီ)

ပထမအကျော့ အီဘာကွင်းမှာ (၀-၃)ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရတဲ့ ရှုံးကြွေးကိုပြန်ဆပ်ဖို့ ဇီဒန်း တာဝန်ယူရတော့မယ်။ ဇီဒန်းလက် ထဲက အသင်းက နိုင်ပွဲဆက်နေပေမယ့် ကစားပုံ သိပ်အားရစရာမဟုတ်သေးဘူး။ အိမ်ကွင်းမှာ ဖိအားတွေရှိနေသေးတယ်ဆို တာကိုလည်း ဟူဆကာလိုအသင်းကို (၂)ဂိုးတောင်ပေးခဲ့ပြီးမှ အနိုင်ပြန်ယူခဲ့ရတဲ့ပွဲမှာ တွေ့နေရတုန်းပါပဲ။ ဇီဒန်းကိုယ်တိုင် ကလည်း လူဟောင်းတွေဖြစ်တဲ့ အစ္စကို၊ မာဆယ်လိုတို့ကို ပြန်သုံးနေတယ်ဆိုပေမယ့် ကျန်နေရာတချို့ကိုတော့ လူငယ်တွေနဲ့ စမ်းသပ်ကြည့်နေတာတွေ့ရတယ်။ ဂိုးသမားနေရာအတွက် နာဗတ်စ်ကိုနေရာပြန်ပေးရုံသာမက လူကာဇီဒန်းကိုပါ စမ်းသုံးကြည့် လာတဲ့အပြင် ကွင်းလယ်မှ ကက်စမဲရိုးနေရာ လော်ရန်တေးကိုစမ်းသုံးပြီး ကွင်းလယ်အတွဲအဖက်သစ်ကိုရှာနေသလို၊ တိုက်စစ် မှာလည်း ဘန်ဇီမာကိုပဲ အမာခံထားကာ လူငယ်တွေဖြစ်တဲ့ ဒီယက်ဇ်၊ အဆန်စီယိုတို့နဲ့တွဲသုံးကြည့်နေတာလည်းတွေ့ရတယ်။  ဒါကြောင့်စမ်းသပ်မှုတွေပြည့်နေတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ကစားပုံက တည်ငြိမ်မှုလိုနေသေးတာအမှန်ပဲ။ အီဘာကလည်း အခု နောက်ပိုင်း ကစားပုံသိပ်မဆိုးလှဘူး။ ဒီပွဲတော့ အီဘာနဲ့ ဂိုးအများကိုပဲပိုကြိုက်နေမိတယ်။

ဗယ်လက်ကာနို  - ဗလင်စီယာ (စနေည ၁၁းဝ၀ နာရီ)

ဗယ်လက်ကာနိုအတွက်က တန်းမဆင်းရရေး၊ ဗလင်စီ ယာအတွက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အားပြိုင်ကြ မယ့်ပွဲမျိုးပါပဲ။ ဒါပေမဲ့ ဒီနှစ်သင်းကြားကွာဟမှုတွေ ကြီးမားပြီး ဗလင်စီယာကလည်း ခြေငြိမ်နေတဲ့အချိန်ဖြစ်လို့ ဗယ်လက်ကာနို မလွယ်လောက်ဘူး။ ဗလင်စီယာနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ဘာစီလိုနာ - အက်သလက်တီကို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

အလာဗတ်စ်နဲ့ကစားခဲ့တဲ့ အဝေးကွင်းနောက်ဆုံးပွဲမှာတော့ အက်သလက်တီကိုဟာ သူတို့ရဲ့အင်အားကိုထုတ်ပြသွားနိုင်ခဲ့တယ်။ တိုက်စစ်မှာ ဂရီးဇ်မန်း၊ မိုရာတာနဲ့ ဒီယေဂိုကော်စတာတို့ (၃)ဦးကိုတွဲပေးပြီး (၄-၃-၃)ပုံစံနဲ့ကစားသွားခဲ့တဲ့ အက်သ လက်တီကိုတိုက်စစ် အဲဒီပွဲမှာ အလုပ်ဖြစ်ခဲ့တာတွေ့ရတယ်။ ကွင်းလယ်မှာလည်း အက်သလက်တီကို လူစုံပြန်ကစားနေနိုင်လို့ ဘာစီလိုနာကွင်းလယ်ကို ကောင်းကောင်းယှဉ်နိုင်မယ့်ပုံပါပဲ။ အထူးသဖြင့် အက်သလက်တီကိုရဲ့ ဒီရာသီ အသင်းကြီးအချင်းချင်း တွေ့ရင် မာမာထန်ထန်နဲ့ ရင်ဆိုင်ကစားတဲ့ပုံကို အသုံးပြုလာတာတွေ့ရလို့ အခုဘာစီလိုနာကိုလည်း ဒီပုံစံနဲ့ဆက်ပြီး ရင်ဆိုင်လာရင် ချန်ပီယံလိဂ်ဆက်နွှဲရမယ့် ဘာစီလိုနာအတွက် အခက်အခဲရှိသွားနိုင်တယ်။ ဘာစီလိုနာကလည်း တိုက်စစ်ကစားသမား တွေ ဒဏ်ရာအရှင်းမပျောက်သေးဘဲ ကစားနေလို့ အက်သလက်တီကိုရဲ့ မာမာထန်ထန်ကစားပုံက ဘာစီလိုနာတိုက်စစ်ကစား သမားတွေ အထူးသဖြင့် မက်ဆီအတွက် အတော်လေးသတိထားကစားရမယ့်ပုံပါ။ နူးကမ့်မှာကစားရမှာဖြစ်လို့ ဂိုးနည်းပြီး သရေကျဖို့များနေတယ်။



 

Most Read

Most Recent