စပါးအသင်းမှာ အောင်မြင်မှုအရ မိမိတို့အသင်းကို မယှဉ်နိုင်သေးကြောင်း ဟာဇက် ထိုးနှက်ပြောဆို

စပါးအသင်းမှာ အောင်မြင်မှုအရ မိမိတို့အသင်းကို မယှဉ်နိုင်သေးကြောင်း ဟာဇက် ထိုးနှက်ပြောဆို
Photo: Getty Images
Photo: Getty Images
Published 5 April 2019

ချယ်လ်ဆီးအသင်းသည် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၇) လုံးအထိ ရယူနိုင်ခဲ့သော်လည်း စပါးအသင်းမှာမူ ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိခဲ့ပေ။

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်က လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းမှာ ပရီးမီးယားလိဂ်တွင် ထိပ်တန်းအဆင့်ကွင်းသစ်ကြီးကို ပိုင်ဆိုင်ထားပြီး ကစားသမားကောင်းများရှိနေသော်လည်း အောင်မြင်မှုတွင်မူ မိမိတို့အသင်းကို မယှဉ်နိုင်သေးကြောင်း ထိုးနှက်ပြောကြားခဲ့သည်။ 

ကွင်းသစ်ဖွင့်လှစ်ခဲ့သည့် စပါးအသင်းမှာ ချယ်လ်ဆီးကိုကျော်တက်ခဲ့ပြီလားဆိုသည့် မေးမြန်းမှုအပေါ် ဟာဇက်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဟာဇက်က "စပါးအသင်းဟာ ပြီးခဲ့ တဲ့ (၂)နှစ်၊ (၃)နှစ်လောက်အတွင်းမှာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။ အခုဆို သူတို့ဟာ ကွင်းသစ်ကြီးကို ပိုင်ဆိုင်ထားပြီးကစားသမားကောင်းတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဆုဖလားတွေကို ကျွန်တော်တို့ကပဲ ရယူနိုင်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၇) လုံးအထိ ရယူနိုင်ခဲ့သော်လည်း စပါးအသင်းမှာမူ ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် လက်ရှိတွင် စပါးနှင့် ချယ်လ်ဆီးအသင်းတို့မှာ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အာဆင်နယ်၊ မန်ယူအသင်းတို့နှင့် အပြိုင်ဖြစ်နေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် စပါးအသင်းက ရမှတ် (၆၄) မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေကာ ချယ်လ်ဆီးအသင်းက ရမှတ် (၆၃) မှတ်ဖြင့် အဆင့် (၅) နေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent