ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 2 April 2019

ပါဒါဘွန်း - ဟမ်းဘတ် (အင်္ဂါနေ့ည ၁၁းဝ၀ နာရီ)

ဘွန်ဒစ်လီဂါ-၂ပြိုင်ပွဲမှာ ဟမ်းဘတ်အသင်းက အဆင့် (၂)၊ ပါဒါဘွန်းအသင်းက အဆင့်(၄)နေရာတွေမှာ ရပ်တည်နေ တာဖြစ်ပါတယ်။ နှစ်သင်းစလုံးဖြတ်သန်းလာတဲ့ လမ်းကြောင်း ကလည်း သိပ်မကွာဟပါဘူး။ လက်ရှိမှာတော့ ဟမ်းဘတ်က အကျဘက် အနည်းငယ်ပိုယိုင်နေတယ်။ ပါဒါဘွန်းက ဒီရာသီ အိမ်ကွင်း(၁၅)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ထားတဲ့အသင်းပါ။ မိနစ်(၉၀)အတွင်း မရှုံးနိုင်တဲ့ ပါဒါဘွန်းကိုပဲ ရွေးချင်တယ်။

အော့စ်ဘတ် - လိုက်ပ်ဇစ်  (ဗုဒ္ဓဟူးနေ့ နံနက် ၁း၁၅ နာရီ)

အော့စ်ဘတ်အသင်းက လက်ရှိအခြေအနေအရဆို ဘွန်ဒစ်လီဂါမှာ တန်းဆင်းအန္တရာယ်အတွက် သိပ်စိုးရိမ်စရာမရှိသေးပါဘူး။ အော့စ်ဘတ်ရဲ့အိမ်ကွင်းနောက်ဆုံး(၄)ပွဲမှာ ဘိုင်ယန်မြူး နစ်တစ်သင်းတည်းကိုသာ ကပ်အရေးနိမ့်ခဲ့ပြီး ဒေါ့မွန်ကိုတောင် အနိုင်ကစားခဲ့တဲ့အထိ ခြေစွမ်းထက်နေတယ်။ လိုက်ပ်ဇစ်ကလည်း လတ်တလောအဝေးကွင်းစွမ်းဆောင်ရည်က အံ့အားသင့်စရာ အတော်ကောင်းနေတယ်။ အဝေးကွင်း(၅)ပွဲဆက်တိုက် အနိုင်ကစားထားပြီး (၄)ပွဲက Clean Sheet မှတ်တမ်း ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်က ဘွန်ဒစ်လီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အမှားခံလို့မဖြစ်တဲ့ အခြေအနေက ဂျာမန်ဖလားကို အာရုံစိုက်မှုလျော့နည်းစေနိုင်တယ်။ အခုရာသီ ဘွန်ဒစ်လီဂါတွေ့ဆုံမှု (၂)ကျော့စလုံးမှာလည်း လိုက်ပ် ဇစ် အနိုင်မရခဲ့ဘူး။ အော့စ်ဘတ်နဲ့ပဲ စွန့်စားသင့်တယ်။