ဂျရူးအပေါ် ဝေဖန်နေမှုများမှာ တရားမျှတမှုမရှိကြောင်း ဒေးရွှမ့် ပြောကြား

ဂျရူးအပေါ် ဝေဖန်နေမှုများမှာ တရားမျှတမှုမရှိကြောင်း ဒေးရွှမ့် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 24 March 2019

ပြင်သစ်အသင်းနည်းပြဒေးရွှမ့်က အသင်းတိုက်စစ်မှူး ဂျရူးအပေါ်ဝေဖန်နေမှုများမှာ တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်အသင်းနည်းပြဒေးရွှမ့်က အသင်းတိုက်စစ်မှူး ဂျရူးအပေါ်ဝေဖန်နေမှုများမှာ တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးသည်မတ်လ (၂၂)ရက်နေ့က ကစားခဲ့သော မော်လ်ဒိုဗာအသင်းအား (၄-၁)ဂိုးဖြင့်အနိုင်ရခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် (၁)ဂိုးသွင်းယူခဲ့ပြီးနောက် ပြင်သစ်အသင်း၏ သမိုင်းတွင် သွင်းဂိုး (၃၄)ဂိုးဖြင့် ဂိုးအများဆုံးသွင်းသူစာရင်း၌ အဆင့် (၃)နေရာတွင် တိုက်စစ်မှူးဟောင်း ထရာဇီဂေးနှင့်အတူရပ်တည်နိုင်ခဲ့သည်။

သို့သော် ဂျရူးသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ပြင်သစ်အသင်းတွင်လည်း အခြားတိုက်စစ်မှူးများကိုကျော်ကာ ၄င်းအားနေရာပေးနေမှုကို ဝေဖန်မှုများရှိနေသည်။

ဒေးရွှမ့်က '' ဂျရူးဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်နည်းပါးပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးတွေသွင်းခဲ့တာကို အားလုံးမြင်ကြမှာပါ။ အခုဆိုရင် ပြင်သစ်အသင်းမှာလည်း ဂျရူးရဲ့သွင်းဂိုးက (၃၄)ဂိုးအထိရှိသွားပါပြီ။ သူဟာခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အပေါ် ဝေဖန်နေမှုတွေဟာတရားမျှတမှုမရှိပါဘူး။ ဂျရူးဟာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေသူဖြစ်ပြီး ကျွန်တော်ရွေးနေသမျှပြင်သစ်အသင်းအတွက် သူကစားပေးပါလိမ့်မယ်။ အဲဒီလိုပဲ သူကစားခွင့်ရတဲ့အချိန်တိုင်း သူ့အနေဲ့ဂိုးတွေသွင်းနေဦးမှာပါ" ဟုပြောကြားခဲ့သည်။

ဂျရူးသည် ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၁၀)ဂိုးသွင်းယူပေးထားသော်လည်း ပရိသတ်များ၏ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသူဖြစ်သည်။

Most Read

Most Recent