ဟက်ထရစ်ရှင် စတာလင်ကို နည်းပြ ဆောက်ဂိတ် ချီးကျူး

ဟက်ထရစ်ရှင် စတာလင်ကို နည်းပြ ဆောက်ဂိတ် ချီးကျူး
Photos : AFP
Photos : AFP
Published 23 March 2019

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ချက်အသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ဟက်ထရစ်သွင်းယူခဲ့သူ စတာလင်အား ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

'' ဒီညပွဲမှာ ရာဟင်(စတာလင်)ဟာ လျှပ်စီးရဲ့လျင်မြန်မှုနှုန်းထားအတိုင်းပါပဲ။ လေ့ကျင့်ရေးမှာတုန်းကလည်း သူကစားနေတာ ဒီလိုပဲဖြစ်ပါတယ်။ ကျွန်တော် သူ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။ သူ့အတွက် ထူးခြားတဲ့ညတစ်ညပါပဲ။ ရာဟင်ဟာ ဘောလုံးသမားအနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ပါအရွယ်ရောက်လာပြီလို့ ယူဆပါတယ်။ သူဟာ ဂိုးတွေ ဆာလောင်နေပြီး သိပ်မတွေးဘဲ အလိုအလျောက် တုံ့ပြန်ကန်သွင်းယူနိုင်စွမ်းလည်း မြင့်လာပါတယ်'' ဟု ဆောက်ဂိတ်က ချီးကျူးခဲ့သည်။

စတာလင်က '' အသင်းကစားပုံ ကောင်းမွန်ခဲ့ပါတယ်။ အသင်းအနိုင်ရဖို့ ကူညီခွင့်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။ အခုသွင်းဂိုးတွေက ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိခဲ့လို့ပါပဲ။ ဧရိယာထဲမှာ ဘောလုံးရဖို့ ကြိုးပမ်းတယ်။ ပြီးတော့ ဂိုးကန်သွင်းတယ်။ ဘာအတွက်မှ စိုးရိမ်ပူပန်မှု မရှိခဲ့ပါဘူး။ ပထမဆုံးဂိုးက ကျွန်တော် ကျေနပ်အားရမှုအရှိဆုံးပါပဲ'' ဟုပြောကြားခဲ့သည်။

စတာလင်သည် စပိန်နှင့်ကစားခဲ့သည့် Nations League ပွဲစဉ် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် နိုင်ငံတကာပွဲ(၃)ပွဲတွင် (၅)ဂိုးအထိ သွင်းယူပေးထားခဲ့သည်။

၎င်းမှာ စပိန်နှင့်ပွဲမတိုင်မီ နိုင်ငံတကာပွဲ (၄၅)ပွဲတွင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

(၂၄)နှစ်အရွယ်ရှိ စတာလင်အနေဖြင့် အင်္ဂလန်အသင်းနှင့် နောက်ဆုံးဂိုးသွင်းမှု (၇)ကြိမ်တွင် (၅)ဂိုးအထိ သွင်းယူခဲ့ပြီး ယခင် (၆၂)ကြိမ်တွင် (၂)ဂိုးသာ ရရှိခဲ့သည်။

Most Read

Most Recent